ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
ရှင်မာကု 6:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူများစွာတို့သည် ဝင်ထွက်သွားလာလျက် ရှိသောကြောင့် ယေရှုနှင့် တမန်တော်တို့မှာ အစာစားချိန်ပင် မရကြပေ။ ထို့ကြောင့် ယေရှုက “ဆိတ်ငြိမ်သောနေရာသို့ သွား၍ ခေတ္တမျှအနားယူကြစို့” ဟု မိန့်တော်မူ၏။ Common Language Bible များစွာသောလူတို့သည်ဝင်ထွက်သွားလာလျက် ရှိကြသဖြင့် သခင်ယေရှုနှင့်တမန်တော်တို့သည် အစားအစာသုံးဆောင်ရန်အချိန်ပင်မရကြ။ ထို့ကြောင့်ကိုယ်တော်က ``ငါတို့ဆိတ်ကွယ်ရာ အရပ်သို့သွား၍ခေတ္တမျှနားနေကြကုန်အံ့'' ဟုမိန့်တော်မူ၏။- Garrad Bible ဝင် ထွက် သူ များ လှ သ ဖြင့် စား သောက် ခွင့် မျှ မ ရ ကြ သည့် အ တွက် ကိုယ် တော် က တော အ ရပ် သို့ အ သီး အ ခြား လာ၍ ခ ဏ နား နေ ကြ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“သင်တို့သည် လူသူကင်းဝေးရာအရပ်သို့ သင်တို့ချည်းသာလာ၍ ခေတ္တအနားယူကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူခြင်းမှာ ဝင်ထွက်သူများသဖြင့် သူတို့သည် အစာစားရန်ပင် အချိန်မရကြသောကြောင့်ဖြစ်၏။ မြန်မာ ကိုယ်တော်ကလည်း၊ တော၌ ဆိတ်ကွယ်ရာအရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာ နေကြဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ လူများ သွားလာကြသည်ဖြစ်၍ တမန်တော်တို့သည် အစာစားခြင်းငှာမျှ မအားနိုင်ကြ။- |
ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။
ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်သို့ ကြွတော်မူလျှင် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ ထိုသူတို့သည် ဂါလိလဲပြည်မှစ၍ ယုဒပြည်၊
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။