ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
ရှင်မာကု 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခင်က ဟေရုဒ်မင်းသည် ဟေရောဒိအတွက်ကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ထည့်ထားခဲ့၏။ ထိုဟေရောဒိမှာ ဟေရုဒ်မင်း၏ ညီဖြစ်သူဖိလိပ္ပု၏ ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းသည် သိမ်းပိုက်လေ၏။ Common Language Bible ဟေရုဒ်သည်ညီဖြစ်သူဖိလိပ္ပု၏ဇနီး၊ ဟေရော ဒိအားမိမိသိမ်းပိုက်မှုနှင့်ပတ်သက်၍ ယောဟန် ကိုဖမ်းဆီးပြီးလျှင်ထောင်တွင်ချုပ်နှောင်ထား စေ၏။- Garrad Bible ဟေ ရုဒ် မင်း သည် နောင် တော် ဖိ လိ ပ္ပု ကြင် ရာ ဟေ ရော ဒိ ကို သိမ်း ယူ ပြီး ဖြစ် သော ကြောင့် မ ရီး တော် ကို မ သိမ်း မ ယူ အပ် ဟု ယော ဟန် ကန့် ကွက် သည် ကို ထောက် ၍ ထို မိန်း မ အ တွက် လူ စေ လွှတ် လျက် ယော ဟန် ကို ဖမ်း ဆီး ပြီး လျှင် ထောင် ချ လေ၏။ Judson Bible အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့် မြန်မာ အထက်က ဟေရုဒ်သည် မိမိညီ ဖိလိပ္ပု၏ ခင်ပွန်းဟေရောဒိကို သိမ်းယူသဖြင့်၊ ထိုမိန်းမအကြောင်းကြောင့် စေလွှတ်၍ ယောဟန်ကို ဖမ်းဆီးပြီးလျှင် ထောင်ထဲမှာ ချုပ်နှောင်လေ၏။- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
ယောဟန်ထောင်ချခံရကြောင်းကို ကြားတော်မူသောအခါ ယေရှုသည် ဂါလိလဲပြည်သို့ ကြွတော်မူ၏။
ဟေရုဒ်မင်းသည် ယေရှု၏သတင်းတော်ကို ကြားသောအခါ “ငါခေါင်းဖြတ်၍ သတ်စေသော ယောဟန်သည် သေရာမှပြန်ရှင်ပြီ” ဟု ဆိုလေ၏။
ရောမဘုရင် တိဗေရိဆီဇာ နန်းစံနှစ် ဆယ့်ငါးနှစ်တွင် ပုန္တိပိလတ်မင်းသည် ယုဒပြည်၏ဘုရင်ခံ ဖြစ်၏။ ဂါလိလဲပြည်တွင် ဟေရုဒ်၊ ဣကုရဲပြည်နှင့် တရားခေါနိတ်ပြည်တွင် ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင် လုသာနိ စသဖြင့်အသီးသီးအုပ်ချုပ်လျက်ရှိ၏။