သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
ရှင်မာကု 6:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဟေရုဒ်မင်းသည် ယေရှု၏သတင်းတော်ကို ကြားသောအခါ “ငါခေါင်းဖြတ်၍ သတ်စေသော ယောဟန်သည် သေရာမှပြန်ရှင်ပြီ” ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်သခင်ယေရှုပြုတော်မူသောအမှု အရာအကြောင်းကိုကြားသောအခါ ဟေရုဒ် က ``ငါဦးခေါင်းဖြတ်ခဲ့သောယောဟန်သည် အသက်ပြန်ရှင်လေပြီ'' ဟုဆို၏။- Garrad Bible ဆို ကြ သည့် စ ကား ကို ဟေ ရုဒ် မင်း ကြား သော်၊ ငါ ခေါင်း ဖြတ် လိုက် သော ယော ဟန် ရှင် ပြန် ထ မြောက် လေ ပြီ ဟု ဆို၏။ Judson Bible ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်သည်ကြားလျှင် “ငါခေါင်းဖြတ်ကွပ်မျက်ခဲ့သောယောဟန်သည် ထမြောက်လေပြီ”ဟု ဆို၏။ မြန်မာ ဟေရုဒ်သည် ကြားလျှင်၊ ဤသူကား ငါ၏အမိန့်နှင့် လည်ပင်းကိုဖြတ်သော ယောဟန်ဖြစ်၏။ သေခြင်းမှ ထမြောက်လေပြီဟု ဆိုလေ၏။- |
သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။
“ကျွန်ုပ်သည် အပြစ်ကင်းသောသူကို သစ္စာဖောက်၍ အပြစ်ကျူးလွန်မိပါပြီ” ဟု ဆို၏။ သို့သော် ထိုသူတို့က “ဤကိစ္စသည် ငါတို့နှင့် မည်သို့ဆိုင်သနည်း။ သင့်ကိစ္စကို သင်ကိုယ်တိုင် ဖြေရှင်းလော့” ဟု ဆိုကြ၏။
သို့သော် တချို့က “သူသည် ပရောဖက်ဧလိယဖြစ်သည်” ဟု ဆိုကြ၏။ တချို့က “သူသည် ရှေးပရောဖက်ကဲ့သို့သော ပရောဖက်တစ်ပါးဖြစ်သည်” ဟု ဆိုကြ၏။
ယခင်က ဟေရုဒ်မင်းသည် ဟေရောဒိအတွက်ကြောင့် ယောဟန်ကို ဖမ်းဆီးချုပ်နှောင်၍ ထောင်ထဲသို့ထည့်ထားခဲ့၏။ ထိုဟေရောဒိမှာ ဟေရုဒ်မင်း၏ ညီဖြစ်သူဖိလိပ္ပု၏ ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းသည် သိမ်းပိုက်လေ၏။
ဟေရုဒ်က “ငါသည် ယောဟန်၏ဦးခေါင်းကို ဖြတ်ခဲ့ပြီ။ ဤမျှလောက် ငါသတင်းကြားရသော ဤသူသည် မည်သူဖြစ်သနည်း” ဟု ပြောဆိုလျက် ကိုယ်တော်အား တွေ့နိုင်ရန် ရှာကြံလေ၏။