တစ်ဖန် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်ကို မည်သို့ဖော်ပြရမည်နည်း။ မည်သည့် ပုံဥပမာကို သုံး၍ ဖော်ပြရမည်နည်း။
ရှင်မာကု 4:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းကင်နိုင်ငံတော်သည် မြေတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မျိုးစေ့များအနက် အသေးငယ်ဆုံးဖြစ်၏။ Common Language Bible ဘုရားသခင်၏နိုင်ငံတော်သည်မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည်မြေ၌စိုက်စဉ်အခါ ကမ္ဘာ ပေါ်ရှိအစေ့တကာတို့ထက်သေးငယ်၏။- Garrad Bible မုံ ညင်း စေ့ နှင့် တူ၏။ ထို အ စေ့ သည် မြေ၌ စိုက် ပျိုး သော အ ခါ ဤ မြေ ကြီး ပေါ် တွင် မျိုး စေ့ ရှိ သ မျှ ထက် ငယ် သော် လည်း၊ Judson Bible မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- မြန်မာ့စံမီသမ္မာကျမ်း ၎င်းသည် မုန်ညင်းနက်စေ့နှင့်တူ၏။ ထိုအစေ့သည် မြေ၌စိုက်သောအခါ မြေကြီးပေါ်ရှိ အစေ့တကာတို့ထက် သေးငယ်၏။ မြန်မာ မုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မြေ၌စိုက်သောအခါ မြေ၌ရှိသော အစေ့တကာတို့ထက် ငယ်သော်လည်း၊ စိုက်ပြီးမှ အပင်ပေါက်၍၊- |
တစ်ဖန် ယေရှုက “ဘုရားသခင်၏နိုင်ငံတော်ကို မည်သို့ဖော်ပြရမည်နည်း။ မည်သည့် ပုံဥပမာကို သုံး၍ ဖော်ပြရမည်နည်း။
သို့သော် ကြီးထွားလာသောအခါ အခြားဟင်းသီးဟင်းရွက်ပင်တို့ထက် ကြီး၍ ကြီးမားသောအကိုင်းအခက်များလည်း ထွက်လာ၏။ ငှက်များပင် ထိုအပင်၏အရိပ်၌ နား၍ အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။
ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။
ပေတရု၏ဟောပြောသွန်သင်ချက်ကို လက်ခံယုံကြည်သောသူတို့သည် နှစ်ခြင်းမင်္ဂလာခံယူကြသဖြင့် ထိုနေ့၌ ယုံကြည်သည့်လူဦးရေသုံးထောင်ခန့် တိုးပွားလာ၏။
ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။
သို့သော်လည်း တရားစကားကို ကြားသောလူများစွာတို့သည် ယုံကြည်လာကြပြီး ယခင်ယုံကြည်သောသူများအပါအဝင် အမျိုးသားအရေအတွက် ငါးထောင်ခန့်အထိ ရှိလာ၏။
ဘုရားသခင်ကိုယုံကြည်သော အမျိုးသား၊ အမျိုးသမီးတို့၏အရေအတွက်သည် အလွန်များပြားလာကြ၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ “ဤလောကီနိုင်ငံသည် ယခု ငါတို့အရှင်နှင့် ထိုအရှင်၏ခရစ်တော်စိုးပိုင်သောနိုင်ငံဖြစ်လေပြီ။ ကိုယ်တော်သည် အစဉ်ထာဝရအုပ်စိုးတော်မူလိမ့်မည်” ဟု ကောင်းကင်မှ ကျယ်လောင်စွာ ပြောဆိုသံများထွက်ပေါ်လာ၏။