ထို့နောက် ယေရှုက “ဘုရားသခင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့ကို ကြဲ၏။
ရှင်မာကု 4:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မျိုးစေ့ကြဲပြီးနောက် နေ့နှင့်ညအလျောက် အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အပင်ပေါက်၍ ကြီးထွားလေ၏။ သို့သော် မည်သို့ပေါက်၍ ကြီးထွားသည်ကို သူမသိ။ Common Language Bible သူသည်မြေတွင်မျိုးကိုကြဲပြီးနောက် နေ့ည အလိုက်အိပ်စက်တုံနိုးထတုံပြု၏။ ထိုအခိုက် မျိုးစေ့သည်အစို့ထိုး၍အပင်ပေါက်၏။ မည် သို့အစို့ထိုး၊ အပင်ပေါက်သည်ကိုသူမသိ။- Garrad Bible ကြဲ ပြီး နောက် နေ့ ညဉ့် မ ပြတ် အိပ် လျက်၊ ထ လျက် နေ စဉ်၊ မြေ ကြီး သည် အ လျောက် ဘာ သာ၊ အ စ၌ အ ညှောက်၊ နောက် အ နှံ၊ နောက် အ နှံ တွင် အောင် မာ သော အ သီး သီး တတ် သည် အ တိုင်း အ ကြောင်း ကို ထို သူ မ မြော် မြင် ဘဲ မျိုး စေ့ ပေါက် ရောက် ကြီး ပွား ပြီး မှ၊ Judson Bible ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော် တူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူသည် ညအချိန်နှင့်နေ့အချိန်၌ အိပ်လျက်၊ ထလျက်နေစဉ် မျိုးစေ့သည် အညှောက်ထွက်၍ ကြီးထွားလာ၏။ ၎င်းသည် မည်ကဲ့သို့ကြီးထွားလာသည်ကို ထိုသူမသိ။ မြန်မာ ည၊ နေ့၊ အိပ်လျက်၊ နိုးလျက်နေသော်လည်း အပင်ပေါက်၍ ကြီးပွားသည်နှင့် ဘုရားသခင်၏ နိုင်ငံတော် တူ၏။- |
ထို့နောက် ယေရှုက “ဘုရားသခင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ လယ်သမားတစ်ဦးသည် လယ်၌ မျိုးစေ့ကို ကြဲ၏။
မြေသည် အလိုအလျောက် အသီးသီးစေ၏။ ဦးစွာ အညှောက်၊ ထို့နောက် အနှံ၊ တစ်ဖန် ထိုအနှံထဲမှ အောင်သောအဆန်ကို ဖြစ်စေ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့သည် ပြုသင့်သည့်အတိုင်း သင်တို့အတွက် ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွားကာ အချင်းချင်းအပေါ် ထားသော ချစ်ခြင်းမေတ္တာသည်လည်း ပွားများလာသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့၏ သခင်နှင့် ကယ်တင်ရှင် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌လည်းကောင်း၊ ကျေးဇူးတော်၌လည်းကောင်း ကြီးထွားကြလော့။ ကိုယ်တော်သည် ယခုမှစ၍ ထာဝရကာလပတ်လုံး ဘုန်းကြီးတော်မူပါစေသော။ အာမင်။ ရှင်ပေတရုဩဝါဒစာဒုတိယစောင် ပြီးပါပြီ။