သူတစ်ပါးတို့ကို သင်တို့အပြစ်စီရင်သည့်အတိုင်း သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။ သူတစ်ပါးကို အပြစ်စီရင်သောစံနှုန်းနှင့်အညီ သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။
ရှင်မာကု 4:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။ Common Language Bible ထိုမှတစ်ပါးလည်းကိုယ်တော်က ``သင်တို့ကြား သည့်အရာကိုဂရုစိုက်၍နားထောင်ကြလော့။ သင်တို့သည်သူတစ်ပါးအားစစ်ကြောသောတင်း တောင်းပမာဏအတိုင်း ဘုရားသခင်သည်သင် တို့အားစစ်ကြောတော်မူလိမ့်မည်။ ထိုထက်မက ပို၍ပြင်းထန်စွာစစ်ကြောတော်မူလိမ့်မည်။- Garrad Bible ၎င်း ပြင် ကိုယ် တော် က ကြား နာ သည့် အ ရာ ကို သ တိ ပြု ကြ လော့။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း ပေး ခြင်း ကို ခံ ရ၍ ပို မို ရ လိမ့် မည်။ Judson Bible ထိုမှတစ်ပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်က“သင်တို့ကြားရသည့်အရာကို သတိပြုကြလော့။ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်။ ထို့ပြင် သင်တို့အတွက် ထပ်၍ဖြည့်ပေးကြလိမ့်မည်။ မြန်မာ ထိုမှတစ်ပါး သင်တို့သည် အဘယ်သို့ကြားနာရသည်ကို သတိပြုကြလော့။ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်တိုင်ခံရကြမည်။- |
သူတစ်ပါးတို့ကို သင်တို့အပြစ်စီရင်သည့်အတိုင်း သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။ သူတစ်ပါးကို အပြစ်စီရင်သောစံနှုန်းနှင့်အညီ သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။
ထိုစဉ် မိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
ဤသိုးခြံမှ မဟုတ်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်လာရမည်။ ထိုသိုးတို့သည် ငါ့စကားသံကို နားထောင်ကြလိမ့်မည်။ သို့ဖြစ်၍ သိုးတစ်အုပ်တည်းနှင့် သိုးထိန်းတစ်ပါးတည်း ဖြစ်လာလိမ့်မည်။
ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကိုလည်း ငါသိ၏။
သင်တို့အား ငါအမှန်ဆို၏။ သေသောသူတို့သည် ဘုရားသခင်၏ သားတော်အသံကို ကြားသည့်အချိန် ကျရောက်လာလိမ့်မည်။ စင်စစ် ထိုအချိန်သည် ယခုပင် ရောက်လျက်ရှိ၏။ သားတော်၏ အသံကို ကြားသောသူတို့သည် အသက်ရှင်လိမ့်မည်။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့သားတို့ထက် ပို၍ စိတ်သဘောထားပြည့်ဝကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားတော်ကို စိတ်အားထက်သန်စွာခံယူကြ၍ ထိုဟောပြောချက်များ မှန်သည်၊ မမှန်သည်ကိုသိမြင်ရန် ကျမ်းစာကို နေ့စဉ်နေ့တိုင်း လေ့လာ၍ ဆန်းစစ်ကြ၏။
မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် လမ်းမှားမရောက်ရန် ကြားနာရသည့်တရားကို စွဲမြဲစွာ ဆုပ်ကိုင်ထားကြရမည်။
သခင်ဘုရား၏ကျေးဇူးတော် မည်မျှချိုမြိန်သည်ကို ယခု သင်တို့မြည်းစမ်းခဲ့ပြီဖြစ်၏။ ထို့ကြောင့် မွေးကင်းစကလေးများကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာနို့ရည်အစစ်ကို တောင့်တကြလော့။ သို့မှသာ သင်တို့သည် ကယ်တင်ခြင်းကို အပြည့်အဝခံစားရမည့်အချိန်တိုင်အောင် ကြီးထွားလိမ့်မည်။
ချစ်ရသောသူတို့… ဝိညာဉ်တော်အားဖြင့် ဟောပြောသည်ဟု ပြောဆိုသူတိုင်းကို မယုံကြနှင့်။ ထိုဝိညာဉ်တို့သည် ဘုရားသခင်ထံမှ လာသောဝိညာဉ်တော်ဟုတ်မဟုတ်ကို စမ်းသပ်ကြလော့။ အဘယ်ကြောင့်ဆိုသော် ပရောဖက်အတုအယောင်များစွာတို့သည် ဤလောက၌ ပေါ်လာကြသောကြောင့်ဖြစ်၏။