Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 4:24 - မြန်မာ

24 ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 ထို​မှ​တစ်​ပါး​လည်း​ကိုယ်​တော်​က ``သင်​တို့​ကြား သည့်​အ​ရာ​ကို​ဂ​ရု​စိုက်​၍​နား​ထောင်​ကြ​လော့။ သင်​တို့​သည်​သူ​တစ်​ပါး​အား​စစ်​ကြော​သော​တင်း တောင်း​ပ​မာ​ဏ​အ​တိုင်း ဘု​ရား​သ​ခင်​သည်​သင် တို့​အား​စစ်​ကြော​တော်​မူ​လိမ့်​မည်။ ထို​ထက်​မ​က ပို​၍​ပြင်း​ထန်​စွာ​စစ်​ကြော​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 ၎င်း ပြင် ကိုယ် တော် က ကြား နာ သည့် အ ရာ ကို သ တိ ပြု ကြ လော့။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း ပေး ခြင်း ကို ခံ ရ၍ ပို မို ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​မှ​တစ်​ပါး သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သင်​တို့​သည် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​တိုင်​ခံ​ရ​ကြ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့နောက် ကိုယ်တော်​က“သင်​တို့​ကြား​ရ​သည့်​အရာ​ကို သတိပြု​ကြ​လော့။ သင်​တို့​တိုင်းတာ​ခြင်တွယ်​သည့်​စံနှုန်း​အတိုင်း သင်​တို့​အတွက် တိုင်းတာ​ခြင်တွယ်​ပေး​ကြ​လိမ့်မည်။ ထို့ပြင် သင်​တို့​အတွက် ထပ်၍​ဖြည့်​ပေး​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 ထို့နောက် ယေရှု​က “သင်တို့ ကြားနာရသည့်​အရာ​ကို အာရုံစိုက်ကြလော့။ သူတစ်ပါး​ကို ပေးသော​စံနှုန်း​နှင့်အညီ သင်တို့​သည်လည်း ပြန်ရ​လိမ့်မည်။ ထို​ထက်မက သင်တို့​လက်ခံရရှိ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 4:24
16 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည် အ​ကြင်​တ​ရား​အ​တိုင်း သူ​တစ်​ပါး​ကို​စီ​ရင်​ကြ၏၊ ထို​တ​ရား​အ​တိုင်း စီ​ရင်​ခြင်း​ကို ခံ​ရ​ကြ​မည်။ အ​ကြင်​ချိန်၊ တင်း​ပ​မာ​ဏ​နှင့် သူ​တစ်​ပါး​အား ပေး၏။ ထို​ပ​မာ​ဏ​အ​တိုင်း ကိုယ်​ခံ​ရ​ကြ​မည်။-


ထို​အ​ခါ မိုး​တိမ်​သည် သူ​တို့​ကို​လွှမ်း​မိုး၍၊ ဤ​သူ​သည် ငါ၏​ချစ်​သား​ပေ​တည်း။ သူ၏​စ​ကား​ကို နား​ထောင်​ကြ​လော့​ဟု မိုး​တိမ်​က အ​သံ​တော်​ဖြစ်​လေ၏။-


ထို​ကြောင့်​သင်​တို့​သည် အ​ဘယ်​သို့​ကြား​နာ​ရ​သည်​ကို သ​တိ​ပြု​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ အ​ကြင်​သူ​သည် ရ​တတ်၏၊ ထို​သူ့​အား​ပေး​ဦး​မည်။ အ​ကြင်​သူ​သည် ဆင်း​ရဲ၏၊ ထို​သူ၌ ဥ​စ္စာ​ရှိ​ဟန်​ဆောင်​သ​မျှ​ကို​ပင် နုတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


ဤ​သိုး​ခြံ​သို့​မ​ဝင်​သော အ​ခြား​သိုး​တို့​ကို​လည်း ငါ​ပိုင်​သေး၏။ ထို​သိုး​တို့​ကို ငါ​ဆောင်​ခဲ့​ရ​မည်။ သူ​တို့​သည်​လည်း ငါ့​စ​ကား​သံ​ကို နား​ထောင်​သ​ဖြင့်၊ သိုး​ခြံ​တစ်​ခု သိုး​ထိန်း​တစ်​ပါး​တည်း ရှိ​ရ​လိမ့်​မည်။-


ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။-


ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ သေ​လွန်​သော​သူ​တို့​သည် ဘု​ရား​သ​ခင်​သား​တော်၏ စ​ကား​သံ​ကို​ကြား၍၊ ကြား​သော​အား​ဖြင့် အ​သက်​ရှင်​ရ​မည့်​အ​ချိန်​ကာ​လ​သည် လာ၍ ယ​ခု​ပင်​ရောက်​လျက်​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ