ထို့နောက် ယေရှုသည် အိုင်နံဘေးသို့ တစ်ဖန်ကြွ၍ မိမိထံ ရောက်လာကြသော လူထုပရိသတ်အား သွန်သင်တော်မူ၏။
ရှင်မာကု 4:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။ Common Language Bible ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေတွင် တစ် ဖန်ဟောပြောသွန်သင်တော်မူပြန်၏။ လူပရိသတ် ကြီးသည်အထံတော်သို့လာရောက်စုဝေးကြ၏။ ပရိသတ်ကြီးမားသဖြင့် ကိုယ်တော်သည်အိုင်ထဲ ရှိလှေတစ်စင်းပေါ်သို့တက်၍ထိုင်တော်မူ၏။ လူ အပေါင်းတို့သည်ကမ်းခြေရေစပ်တွင်ရှိနေကြ၏။- Garrad Bible အိုင် နား တွင် ဒေ သ နာ ပေး တော် မူ ပြန် သော် အ လွန် ကြီး စွာ သော လူ ပ ရိတ် သတ် စု ရုံး လာ ရောက် ကြ သ ဖြင့် ကိုယ် တော် သည် အိုင် ထဲ ရှိ လှေ တစ် စင်း ပေါ် သို့ တက်၍ ထိုင် တော် မူ ရာ အိုင် ကမ်း ပေါ် တွင် ရှိ နေ သော လူ ပ ရိတ် သတ် တို့ အား၊ Judson Bible နောက်တစ်ဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာ နေကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ကိုယ်တော်သည် ပင်လယ်ကမ်းနားတွင် သွန်သင်တော်မူရာ အလွန်များပြားသောလူထုပရိသတ်သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် ပင်လယ်ကမ်းစပ်ရှိလှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ပင်လယ်ကမ်းပေါ်တွင်ရှိနေကြ၏။ မြန်မာ နောက်တစ်ဖန် အိုင်နားမှာ ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ များစွာသောလူအပေါင်းတို့သည် အထံတော်၌ စုဝေးကြသောကြောင့်၊ အိုင်တွင် လှေထဲသို့ဝင်၍ ထိုင်တော်မူ၏။ ပရိသတ်အပေါင်းတို့သည် အိုင်နား ကုန်းပေါ်မှာ နေကြ၏။- |
ထို့နောက် ယေရှုသည် အိုင်နံဘေးသို့ တစ်ဖန်ကြွ၍ မိမိထံ ရောက်လာကြသော လူထုပရိသတ်အား သွန်သင်တော်မူ၏။
ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်သို့ ကြွတော်မူလျှင် လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြ၏။ ထိုသူတို့သည် ဂါလိလဲပြည်မှစ၍ ယုဒပြည်၊
ယေရှုသည် မိမိကို လူထုပရိသတ် မတိုးကြိတ်မိစေလိုသဖြင့် တပည့်တော်တို့အား လှေတစ်စီး အသင့်ပြင်ထားရန် မိန့်တော်မူ၏။
ထို့ကြောင့် တပည့်တော်တို့သည် လူထုပရိသတ်ကို ချန်ရစ်၍ ကိုယ်တော်ရှိနေတော်မူသည့် လှေပေါ်သို့ တက်ကာ ထွက်ခွာကြ၏။ အခြားလှေများလည်း လိုက်ပါကြ၏။
ကိုယ်တော်သည် လှေပေါ်မှ ဆင်းတော်မူသောအခါ နတ်ဆိုးပူးသောလူတစ်ဦးသည် ကိုယ်တော်နှင့် တွေ့ဆုံရန် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၏။
ယေရှုသည် ကမ်းတစ်ဖက်သို့ လှေဖြင့် ကူးပြန်၍ အိုင်နားတွင် ရှိတော်မူစဉ် လူအုပ်ကြီးသည် ကိုယ်တော်ထံသို့ စုဝေးလာ၏။