ထို့နောက် ယေရှုသည် လူထုကို ပြန်စေတော်မူပြီးနောက် လှေစီးကာ မာဂဒါလနယ်သို့ ကြွတော်မူလေ၏။
ရှင်မာကု 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မိမိကို လူထုပရိသတ် မတိုးကြိတ်မိစေလိုသဖြင့် တပည့်တော်တို့အား လှေတစ်စီး အသင့်ပြင်ထားရန် မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်မိမိအားလူထုပရိသတ်ကြီး မတိုးမကြိတ်မိစေအံ့သောငှာ မိမိအသုံးပြု ဖို့လှေတစ်စင်းကိုအသင့်ထားရန်တပည့်တော် တို့အားမိန့်မှာတော်မူ၏။- Garrad Bible အ ထံ တော် သို့ လာ ရောက် ကြ ရာ လူ အ များ တို့ ကို ကျန်း မာ စေ တော် မူ သ ဖြင့် ကိုယ် တော် ကို တို့ ခြင်း ငှါ အ နာ ရော ဂါ စွဲ သူ ရှိ သ မျှ တို့ တိုး ဝင် ကြ သော ကြောင့် လူ ပ ရိ သတ် တိုး ဝှေ့ မည် ကို စိုး၍ လှေ ငယ် တစ် စင်း အ သင့် ထား စေ ရန် တ ပည့် တော် တို့ အား မိန့် တော် မူ၏။ Judson Bible လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လူထုပရိသတ်များရှိနေသောကြောင့် ကိုယ်တော်သည် မိမိကို လူတို့မတိုးကြိတ်မိစေရန် လှေတစ်စီးကို သူ့အတွက်အဆင်သင့်ထားရှိမည့်အကြောင်း တပည့်တော်တို့အား မိန့်တော်မူ၏။ မြန်မာ လူများတို့သည် ကိုယ်တော်ကိုဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစ်စင်းကို အမြဲရှိစေခြင်းငှာ တပည့်တော်တို့အား အမိန့်တော်ရှိ၏။- |
ထို့နောက် ယေရှုသည် လူထုကို ပြန်စေတော်မူပြီးနောက် လှေစီးကာ မာဂဒါလနယ်သို့ ကြွတော်မူလေ၏။
တစ်ဖန် ယေရှုသည် အိုင်နံဘေး၌ ဟောပြောသွန်သင်တော်မူ၏။ အလွန်များပြားလှသောလူအုပ်ကြီးသည် ကိုယ်တော့်အနားသို့ စုဝေးလာကြသဖြင့် ယေရှုသည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူအုပ်ကြီးသည်လည်း ကမ်းခြေတွင် ရပ်နေကြ၏။
ထို့ကြောင့် တပည့်တော်တို့သည် လူထုပရိသတ်ကို ချန်ရစ်၍ ကိုယ်တော်ရှိနေတော်မူသည့် လှေပေါ်သို့ တက်ကာ ထွက်ခွာကြ၏။ အခြားလှေများလည်း လိုက်ပါကြ၏။
ကိုယ်တော်သည် လှေပေါ်မှ ဆင်းတော်မူသောအခါ နတ်ဆိုးပူးသောလူတစ်ဦးသည် ကိုယ်တော်နှင့် တွေ့ဆုံရန် သင်္ချိုင်းဂူများအကြားမှ ထွက်လာ၏။
ယေရှုသည်လည်း မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်း သိတော်မူလျှင် လူအုပ်ဘက်သို့ လှည့်၍ “ငါ့ဝတ်ရုံကို မည်သူတို့ထိသနည်း” ဟု မေးတော်မူ၏။
တစ်နေ့၌ ယေရှုသည် ဂင်နေသရက်အိုင်နားတွင် ရပ်တော်မူစဉ် လူထုပရိသတ်သည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ကြားနာရန် ကိုယ်တော်ထံသို့ တိုးဝှေ့လာကြ၏။
ကိုယ်တော်သည် ထိုလှေနှစ်စင်းထဲမှ ရှိမုန်၏လှေပေါ်သို့ တက်၍ ရှိမုန်အား လှေကို ကမ်းနှင့် အနည်းငယ်ခွာပေးရန် မိန့်တော်မူ၏။ ထို့နောက် လှေထဲတွင် ထိုင်လျက် လူထုပရိသတ်တို့ကို ဟောပြောသွန်သင်တော်မူ၏။
ယေရှုသည် ထိုသူတို့ လာ၍ မိမိကို ရှင်ဘုရင်အဖြစ် အတင်းအကျပ်တင်မြှောက်ကြမည်ကို သိမြင်တော်မူသဖြင့် တောင်ပေါ်သို့ တစ်ကိုယ်တည်း ကြွတော်မူ၏။