ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
ရှင်မာကု 3:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပြိုကွဲလိမ့်မည်။ Common Language Bible လူတို့စိတ်ဝမ်းကွဲပြားလျက်နေသောနိုင်ငံ သည်မရပ်မတည်နိုင်ရာ။- Garrad Bible နိုင် ငံ သည် အ တွင်း၌ ကွဲ ပြား လျှင် မ တည် နိုင်။ Judson Bible တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- မြန်မာ့စံမီသမ္မာကျမ်း နိုင်ငံတစ်နိုင်ငံသည်လည်း မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေလျှင် ထိုနိုင်ငံသည် မတည်မြဲနိုင်ရာ။ မြန်မာ တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့် ကွဲပြားလျှင် မတည်နိုင်ရာ။- |
ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
ယေရှုက ထိုသူတို့ကို ခေါ်၍ ပုံဥပမာများဖြင့် မိန့်တော်မူသည်မှာ “စာတန်သည် စာတန်ကို မည်သို့ နှင်ထုတ်ပါမည်နည်း။
အို အဖ… အကျွန်ုပ်နှင့် ကိုယ်တော်သည် တစ်သားတည်းဖြစ်သကဲ့သို့ သူတို့သည် တစ်သားတည်းဖြစ်ရန် ဆုတောင်းပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၌ တည်တော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ တည်သကဲ့သို့ သူတို့ကို အကျွန်ုပ်တို့၌ တည်စေတော်မူပါ။ ဤသည်မှာ အကျွန်ုပ်အား ကိုယ်တော်စေလွှတ်တော်မူကြောင်းကို လောကီသားတို့ ယုံကြည်လာနိုင်စေရန်ဖြစ်၏။