ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။
ရှင်မာကု 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူတို့ထဲမှ ဆယ့်နှစ်ဦးကို ရွေးချယ်၍ တမန်တော်များဟု သတ်မှတ်ခေါ်ဝေါ်တော်မူ၏။ ထို့နောက် သူတို့အား “ငါ့အနားတွင် ရှိနေစေရန် သင်တို့ကို ငါရွေးချယ်ခန့်ထား၏။ တရားဟောရန်အတွက် သင်တို့ကို ငါစေလွှတ်မည်။ နတ်ဆိုးနှင်ထုတ်နိုင်သောအခွင့်အာဏာကိုလည်း ငါပေးမည်” ဟု မိန့်တော်မူ၏။ Common Language Bible သူတို့သည်အထံတော်သို့လာကြသောအခါ ကိုယ်တော်သည် တပည့်တော်တစ်ဆယ့်နှစ်ပါးကို ရွေးချယ်တော်မူပြီးလျှင်တမန်တော်များဟူ၍ သမုတ်တော်မူ၏။ ထိုနောက်သူတို့အား ``ငါသည် သင်တို့ကိုငါ၏အပါးတွင်နေစေလို၍ရွေး ချယ်ခဲ့၏။ တရားဟောထွက်ရန် သင်တို့အားငါ စေလွှတ်မည်။ နတ်မိစ္ဆာများအားနှင်ထုတ်နိုင်သော တန်ခိုးကိုလည်းငါပေးမည်'' ဟုမိန့်တော်မူ၏။ Garrad Bible တစ် ဆယ့် နှစ် ပါး သော သူ တို့ ကို အ ပါး တော် တွင် ရှိ နေ စေ ခြင်း ငှါ လည်း ကောင်း၊ Judson Bible ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးတို့ကို ခန့်ထားပြီးလျှင် သူတို့ကို တမန်တော်ဟူ၍ခေါ်ဝေါ်သမုတ်တော်မူ၏။ ဤသည်ကား သူတို့ကို ကိုယ်တော်နှင့်အတူရှိစေရန်နှင့် သူတို့ကိုစေလွှတ်၍ တရားဟောစေကာ မြန်မာ ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊- |
ထို့နောက် ကိုယ်တော်သည် တောင်ပေါ်သို့ တက်၍ မိမိအလိုရှိသောသူတချို့ကို ခေါ်တော်မူ၏။ ထိုသူတို့သည် ကိုယ်တော်ထံသို့ လာကြ၏။
တမန်တော်တို့သည် ယေရှုထံတော်သို့ ပြန်လာ၍ မိမိတို့လုပ်ဆောင်ခဲ့သမျှနှင့် သွန်သင်ခဲ့သမျှကို လျှောက်ကြ၏။
ခရစ်တော်၏အမည်နာမအားဖြင့် အပြစ်လွတ်ခြင်းတရားနှင့် နောင်တတရားအကြောင်းတို့ကို ဂျေရုဆလင်မြို့မှစ၍ လူမျိုးတကာတို့အား ဟောပြောရမည်။
သင်တို့သည် ငါ့ကို ရွေးချယ်ခဲ့သည်မဟုတ်။ ငါသည် သင်တို့ကို ရွေးချယ်၏။ တည်မြဲမည့်အသီးကို သင်တို့သီးစေရန် ငါခန့်ထား၏။ သို့ဖြစ်၍ ငါ့နာမကို အမှီပြု၍ ခမည်းတော်ထံ သင်တို့တောင်းသမျှကို ခမည်းတော်မှ ပေးတော်မူရန် ဖြစ်၏။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
လူတို့၏ အခွင့်အာဏာဖြင့် မဟုတ်၊ ကြားခံလူအားဖြင့်လည်း မဟုတ်၊ ယေရှုခရစ်တော်နှင့် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသည့် ခမည်းတော်ဘုရားသခင်အားဖြင့် တမန်တော်အဖြစ် ခန့်အပ်ခံရသူဖြစ်သော ကျွန်ုပ်ပေါလု စာရေးလိုက်ပါ၏။