ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ရှင်မာကု 2:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ကျမ်းတတ်ဆရာများက ထိုသို့တွေးတောနေကြသည်ကို ချက်ချင်းသိတော်မူသဖြင့် သူတို့အား “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။ Common Language Bible သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေသည်ကို ချက်ချင်းသိတော်မူသဖြင့် ``သင်တို့ သည်အဘယ်ကြောင့်ဤသို့တွေးတောနေကြ သနည်း။- Garrad Bible ထို သို့ ဆင် ခြင် ကြ သည် ကို ဉာဏ် တော် အား ဖြင့် ချက် ခြင်း သိ မြင် တော် မူ၍၊ ယေ ရှု က စိတ်၌ အ ဘယ် ကြောင့် ထို သို့ ဆင် ခြင် ကြ သ နည်း။ Judson Bible သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ချင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း သူတို့စိတ်ထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြောင်းကို ယေရှုသည် မိမိစိတ်ဝိညာဉ်ဖြင့် ချက်ချင်းသိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။ မြန်မာ သူတို့စိတ်ထဲမှာ ထိုသို့ ထင်မှတ်ခြင်းရှိသည်ကို ယေရှုသည် မိမိဉာဏ်အားဖြင့် ချက်ချင်းသိတော်မူလျှင်၊ သင်တို့ စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ ထင်မှတ်ကြသနည်း။- |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
သူတို့က “ငါတို့၌ စားစရာမပါသောကြောင့် ဤသို့မိန့်တော်မူခြင်းဖြစ်သည်” ဟု အချင်းချင်းပြောဆိုကြ၏။
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
“ဤလူသည် အဘယ်ကြောင့် ထိုသို့ပြောဆိုရသနည်း။ ဘုရားသခင်ကို စော်ကားသောစကားဖြစ်၏။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
ဤလေဖြတ်သူအား ‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ သင့်ထမ်းစင်ကို ယူလျက် လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍လွယ်ကူသလော။
အဘယ်ကြောင့်ဆိုသော် မကောင်းသောကြံစည်ခြင်း၊ တရားနှင့်မညီသော မေထုန်ကိုပြုခြင်း၊ ခိုးခြင်း၊ လူသတ်ခြင်း၊
ထိုအခါ ယေရှုက “အဘယ်ကြောင့် ထိတ်လန့်ကြသနည်း။ အဘယ်ကြောင့် သံသယစိတ်များဖြစ်ပေါ်ကြသနည်း။
ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။
ကိုယ်တော်သည် ထိုသူတို့၏တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသော်လည်း လက်သေသောသူအား “ထလော့။ လူတို့ရှေ့ လာ၍ ရပ်လော့” ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ရပ်လေ၏။
ယေရှုက “ယောဟန်၏သားရှိမုန်… သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မေးတော်မူ၏။ ဤသို့ “သင်သည် ငါ့ကို ချစ်သလော” ဟု သုံးကြိမ်တိုင်တိုင် မေးတော်မူသဖြင့် ပေတရုသည် စိတ်ထိခိုက်၍ “သခင်… သခင်သည် အရာအားလုံးကို သိတော်မူ၏။ အကျွန်ုပ်သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့။
သို့သော်လည်း သင်တို့ထဲမှ တချို့သည် ငါ့ကို မယုံကြည်ကြ” ဟု မိန့်တော်မူ၏။ ထိုသို့ မိန့်တော်မူရခြင်းမှာ ယေရှုသည် မည်သူတို့ မယုံကြည်ဘဲနေသည်ကိုလည်းကောင်း၊ မည်သူ မိမိကို သစ္စာဖောက်မည်ကိုလည်းကောင်း အစဦးကပင် သိတော်မူသောကြောင့်ဖြစ်၏။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။
ဖန်ဆင်းတော်မူသောအရာမှန်သမျှသည် ဘုရားသခင်ရှေ့တော်၌ ထင်ရှား၏။ ဘုရားသခင်၏ မျက်မှောက်တော်တွင် မထင်ရှားသည့်အရာ တစ်စုံတစ်ခုမျှ မရှိပေ။ ကျွန်ုပ်တို့သည် မိမိတို့၏လုပ်ဆောင်ချက်များအတွက် ထိုအရှင်ထံ ဝန်ခံကြရမည်။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။