Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 2:8 - မြန်မာ

8 သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

8 သ​ခင်​ယေ​ရှု​သည်​ထို​သူ​တို့​ယင်း​သို့​တွေး​တော နေ​သည်​ကို ချက်​ချင်း​သိ​တော်​မူ​သ​ဖြင့် ``သင်​တို့ သည်​အ​ဘယ်​ကြောင့်​ဤ​သို့​တွေး​တော​နေ​ကြ သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို သို့ ဆင် ခြင် ကြ သည် ကို ဉာဏ် တော် အား ဖြင့် ချက် ခြင်း သိ မြင် တော် မူ၍၊ ယေ ရှု က စိတ်၌ အ ဘယ် ကြောင့် ထို သို့ ဆင် ခြင် ကြ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 သူ​တို့​စိတ်​ထဲ​မှာ ထို​သို့ ထင်​မှတ်​ခြင်း​ရှိ​သည်​ကို ယေ​ရှု​သည် မိ​မိ​ဉာဏ်​အား​ဖြင့် ချက်​ချင်း​သိ​တော်​မူ​လျှင်၊ သင်​တို့ စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ဤ​သို့ ထင်​မှတ်​ကြ​သ​နည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 သူ​တို့​စိတ်​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြောင်း​ကို ယေရှု​သည် မိမိ​စိတ်​ဝိညာဉ်​ဖြင့် ချက်ချင်း​သိ​တော်မူ​၍“အဘယ်ကြောင့် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ထိုသို့​တွေးတော​ဆင်ခြင်​နေ​ကြ​သနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ယေရှု​သည် ကျမ်းတတ်ဆရာများ​က ထိုသို့​တွေးတောနေကြသည်​ကို ချက်ချင်း​သိတော်မူ​သဖြင့် သူတို့​အား “သင်တို့​စိတ်​ထဲ၌ အဘယ်ကြောင့် ဤသို့​တွေးတော​နေကြသနည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 2:8
23 ပူးပေါင်းရင်းမြစ်များ  

ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-


တ​ပည့်​တော်​တို့​က​လည်း၊ ငါ​တို့၌ မုန့်​မ​ပါ​သော​ကြောင့် ဤ​စ​ကား​ကို​မိန့်​တော်​မူ​သည်​ဟု အ​ချင်း​ချင်း ဆွေး​နွေး​ပြော​ဆို​ကြ၏။-


ယေ​ရှု​သည် ထို​သူ​တို့၏​စိတ်​ကို သိ​မြင်​တော်​မူ​လျှင်၊ သင်​တို့​သည် အ​ဘယ်​ကြောင့် ငြူ​စူ​သော​စိတ် ရှိ​ကြ​သ​နည်း။-


ဤ​သူ​သည် ဘု​ရား​ကို​လွန်​ကျူး၍ အ​ဘယ်​ကြောင့် ဤ​သို့​ပြော​ရ​သ​နည်း။ ဘု​ရား​သ​ခင်​မှ​တစ်​ပါး အ​ဘယ်​သူ​သည် အ​ပြစ်​ကို လွှတ်​နိုင်​သ​နည်း​ဟု စိတ်​ထဲ​မှာ ထင်​မှတ်​ကြ၏။-


လက်​ခြေ​သေ​သော​သူ​အား အ​ဘယ်​စ​ကား​ကို သာ၍ ပြော​လွယ်​သ​နည်း။ သင်၏​အ​ပြစ်​ကို​လွတ်​စေ​ပြီ​ဟု ပြော​လွယ်​သ​လော။ သင်​ထ​လော့။ ကိုယ်​အိပ်​ရာ​ကို​ဆောင်၍ လှမ်း​သွား​လော့​ဟု ပြော​လွယ်​သ​လော။-


လူ​အ​တွင်း​နှ​လုံး​ထဲ​က မ​ကောင်း​သော ကြံ​စည်​ခြင်း၊ သူ့​မ​ယား​ကို ပြစ်​မှား​ခြင်း၊ မိန်း​မ​လွတ်​နှင့် မှား​ယွင်း​ခြင်း၊ လူ​အ​သက်​ကို သတ်​ခြင်း၊-


ကိုယ်​တော်​က​လည်း၊ အ​ဘယ်​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​ကြ​သ​နည်း။ အ​ဘယ်​ကြောင့် အ​ထူး​ထူး​အ​ထွေ​ထွေ​သော​စိတ် ရှိ​ကြ​သ​နည်း။-


ယေ​ရှု​သည် ထို​သူ​တို့၏ ထင်​မှတ်​ခြင်း​ကို​သိ​တော်​မူ​လျှင်၊ သင်​တို့​စိတ်​ထဲ​မှာ အ​ဘယ်​ကြောင့် ထင်​မှတ်​ကြ​သ​နည်း။-


ကိုယ်​တော်​သည် သူ​တို့​အ​ကြံ​အ​စည်​ကို​သိ​လျှင်၊ လက်​သေ​သော​သူ​အား၊ ထ​လော့။ အ​လယ်၌ မတ်​တတ်​နေ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း ထို​သူ​သည်​ထ၍ မတ်​တတ်​နေ၏။-


ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။-


သို့​သော်​လည်း သင်​တို့​တွင် မ​ယုံ​ကြည်​သော​သူ​အ​ချို့​ရှိ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ