ရှင်မာကု 2:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ယဇ်ပရောဟိတ်မင်းအဗျာသာ လက်ထက်၌ ဒါဝိဒ်မင်းသည် မိမိနှင့်နောက်လိုက်များ ဆာလောင်သည့်အချိန်၌ မည်သို့ပြုခဲ့သည်ကို သင်တို့တစ်ခါမျှ မဖတ်ဖူးကြသလော။ Common Language Bible ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တစ်စု တို့ဆာလောင်မွတ်သိပ်သောအခါ အဘယ်သို့ပြုခဲ့ ကြောင်းကိုသင်တို့တစ်ခါမျှမဖတ်ဖူးသ လော။- Garrad Bible ကိုယ် တော် က ဒါ ဝိဒ် မင်း သည် နောက် ပါ တို့ နှင့် တ ကွ အ စာ မဲ့၍ ဆာ မွတ် သော အ ခါ၊ Judson Bible ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ဒါဝိဒ်သည် သူ၌စားစရာမရှိသဖြင့် သူမှစ၍သူနှင့်အတူရှိသောသူတို့သည် ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို မဖတ်ဖူးကြသလော။ မြန်မာ ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဖော်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊- |
ထို့ကြောင့် သူတို့က “ဤကလေးငယ်များ မည်သို့ပြောဆိုနေကြသည်ကို ကြားသလော” ဟု ကိုယ်တော်အား မေးကြ၏။ ယေရှုက “ငါကြား၏။ ကျမ်းစာ၌ ‘ကလေးများနှင့် နို့စို့သူငယ်များက ကိုယ်တော်ကို ချီးမွမ်းစေရန် ကိုယ်တော်သည် သင်ကြားပေးတော်မူပြီ’ ဟူ၍ရေးသားထားသည်ကို သင်တို့ တစ်ခါမျှမဖတ်ဖူးသလော” ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုက “ကျမ်းစာ၌ ‘တိုက်ဆောက်သောသူတို့ ပယ်ထားသည့်ကျောက်သည် အရေးပါသောထောင့်ချုပ်ကျောက် ဖြစ်လာရ၏။ ဤအမှုသည် ထာဝရဘုရား ပြုတော်မူသောအမှုဖြစ်၏။ ငါတို့မျက်စိရှေ့၌လည်း အံ့ဖွယ်ဖြစ်၏’ ဟု ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
သေလွန်သောသူတို့ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူသည်ကို ကျမ်းစာ၌ သင်တို့ မဖတ်ဖူးကြသလော။ သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။
တစ်ခါက ညီအစ်ကို ခုနစ်ဦးရှိရာ အစ်ကိုကြီးသည် အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုပြီး သားသမီးမထွန်းကားဘဲ ကွယ်လွန်၏။
သေလွန်သောသူတို့ပြန်ရှင်ခြင်းနှင့်ပတ်သက်၍ အာဗြဟံ၊ ဣဇာက်နှင့် ယာကုပ်တို့ သေလွန်ပြီးနောက် အချိန်ကြာမြင့်ပြီးမှလည်း ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု မိန့်တော်မူ၏။ ၎င်းကို မီးလောင်နေသောချုံပုတ်အကြောင်းတွင် မောရှေ ရေးထားသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ထိုအခါ ဖာရိရှဲတို့က “သူတို့သည် ပညတ်တရားအရ ဥပုသ်နေ့၌ မပြုသင့်သောအမှုကို အဘယ်ကြောင့်ပြုကြသနည်း” ဟု ကိုယ်တော်အား မေးလျှောက်ကြ၏။
သူသည် ဘုရားသခင်၏အိမ်တော်အတွင်းသို့ ဝင်လျက် ယဇ်ပုရောဟိတ်များမှအပ အခြားမည်သူမျှ စားခွင့်မရှိသည့် သန့်ရှင်းသောမုန့်ကို ယူ၍ စား၏။ ထို့ပြင် သူ၏ အပေါင်းအဖော်များကိုလည်း ပေး၏။
ယေရှုက “ပညတ်ကျမ်းတွင် မည်သို့ရေးထားသနည်း။ သင်သည် မည်သို့ဖတ်ဖူးသနည်း” ဟု ပြန်၍ မေးလေ၏။