ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
ရှင်မာကု 2:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။ Common Language Bible လူပရိသတ်ရှေ့မှောက်၌ပင်ထိုသူသည်ထ၍ ထမ်းစင်ကိုထမ်းပြီးလျှင်ထွက်သွားလေသည်။ ယင်းသို့ထ၍ထွက်သွားသဖြင့်လူအပေါင်း တို့သည်လွန်စွာအံ့သြကြ၏။ ``ဤအချင်း အရာမျိုးကိုငါတို့အဘယ်အခါကမျှ မမြင်စဖူး'' ဟုဆိုကာဘုရားသခင်၏ ဂုဏ်တော်ကိုချီးကူးကြ၏။ Garrad Bible ချက် ခြင်း ထ ပြီး လျှင် ထမ်း စင် ကို ဆောင်၍ အား လုံး ရှေ့ ထွက် သွား လေ၏။ ထို သူ ရှိ သ မျှ လည်း အံ့ သြ၍ ထို အ တိုင်း ငါ တို့ မ မြင် စ ဖူး ဟု ဆို လျက် ဘု ရား သ ခင်၏ ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Judson Bible ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လေဖြတ်သောသူသည်ထ၍ အိပ်ရာကိုချက်ချင်းဆောင်ယူလျက် လူအပေါင်းတို့ရှေ့မှထွက်သွားလေ၏။ လူအပေါင်းတို့သည် အံ့သြငေးမော၍ “ငါတို့သည် ဤကဲ့သို့သောအဖြစ်မျိုးကို တစ်ခါမျှမမြင်စဖူး”ဟု ပြောဆိုလျက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ မြန်မာ ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ရာကိုဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့ တစ်ခါမျှမမြင်စဖူးဟု ပြောဆို၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။ |
ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
လူထုကြီးသည် ဆွံ့အသူများ စကားပြောကြသည်ကိုလည်းကောင်း၊ မသန်စွမ်းသူများ ပကတိအတိုင်းဖြစ်လာကြသည်ကိုလည်းကောင်း၊ ခြေမသန်သူများ လမ်းလျှောက်နိုင်သွားကြသည်ကိုလည်းကောင်း၊ မျက်မမြင်များ မြင်ကြရသည်ကိုလည်းကောင်း မြင်တွေ့သောအခါ အံ့အားသင့်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ကို ချီးမွမ်းကြ၏။
ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
ထိုသူတို့အထဲမှ တစ်ယောက်သောသူသည် ရောဂါပျောက်ကင်းကြောင်း သိမြင်သောအခါ ယေရှုထံ ပြန်လာ၍ ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို အော်ဟစ်ချီးမွမ်းလေ၏။
လူထုပရိသတ်တို့သည် အလွန်အံ့သြ ကြောက်ရွံ့၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက် “ငါတို့သည် ယနေ့ထူးဆန်းအံ့ဖွယ်သောအရာများကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
သို့ရာတွင် လူထုအထဲမှ အများအပြားတို့သည် ယေရှုကို ယုံကြည်ကြသဖြင့် “ခရစ်တော်ကြွလာသောအခါ ဤသူ ပြုသည်ထက် ပို၍များသောနိမိတ်လက္ခဏာများကို ပြုတော်မူမည်လော” ဟု ပြောဆိုကြ၏။
မွေးရာပါမျက်မမြင်ကို မျက်စိမြင်စေခြင်းအကြောင်း ကမ္ဘာဦးမှစ၍ မည်သည့်အခါကမျှ မကြားခဲ့ဖူးပါ။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။