နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ရှင်မာကု 2:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်အနည်းငယ် ကြာပြီးနောက် ယေရှုသည် ကပေရနောင်မြို့သို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်သို့ ကိုယ်တော်ရောက်ရှိနေတော်မူသည့်သတင်းသည် ပျံ့နှံ့လေ၏။ Common Language Bible ရက်အနည်းငယ်ကြာသောအခါကိုယ်တော်သည် ကပေရနောင်မြို့သို့ပြန်လည်ရောက်ရှိလာ၏။ အိမ်သို့ကိုယ်တော်ရောက်ရှိနေသည့်သတင်းကို လူတို့ကြားကြကုန်၏။- Garrad Bible ရက် အ နည်း ငယ် ကြာ ပြီး နောက် က ပေ ရ နောင် မြို့ သို့ ကြွ ဝင် တော် မူ ပြန် သော် အိမ် တွင် ရှိ တော် မူ ကြောင်း၊ Judson Bible နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ရက်အနည်းငယ်ကြာပြီးနောက် ကိုယ်တော်သည် ကပေရနောင်မြို့ထဲသို့ တစ်ဖန်ဝင်တော်မူ၏။ အိမ်၌ ကိုယ်တော်ရှိတော်မူသည်ကိုကြား၍ မြန်မာ နောက်တစ်နေ့သ၌ ကိုယ်တော်သည် ကပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ရှိတော်မူသည်ကို ကြားကြလျှင်၊- |
နာဇရက်မြို့သို့ ဦးစွာရောက်တော်မူပြီးနောက် ထိုမြို့မှ ထွက်ခွာ၍ ဇာဗုလုန်နှင့် နဿလိနယ်မြေစပ်ကြားတွင်ရှိသော ဂါလိလဲအိုင်အနီးရှိ ကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။
ထို့နောက် ယေရှုသည် လှေပေါ်သို့တက်၍ အိုင်တစ်ဖက်ကမ်းသို့ ကူးဖြတ်ကာ မိမိနေရပ်မြို့သို့ကြွတော်မူ၏။
သို့သော်လည်း ထိုသူသည် သွား၍ ထိုသတင်းကို နေရာအနှံ့ပြောလျက် ပျံ့နှံ့စေ၏။ ထို့ကြောင့် ယေရှုသည် မြို့ထဲသို့ ထင်ရှားစွာ မဝင်နိုင်တော့ဘဲ မြို့ပြင် လူသူကင်းဝေးသောအရပ်တို့တွင်သာ နေတော်မူ၏။ ထိုအခါ နေရာအသီးသီးမှ လူတို့သည် ကိုယ်တော်ထံသို့ ရောက်လာကြ၏။
ထို့ကြောင့် လူများစွာတို့သည် ကိုယ်တော်ရှိတော်မူသည့်အိမ်သို့ စုဝေးလာကြသဖြင့် တံခါးအပြင်ဘက်၌ပင် နေရာမရှိတော့ပေ။ ကိုယ်တော်သည် လူတို့အား တရားတော်ကို ဟောတော်မူ၏။
ထို့နောက် ယေရှုသည် အိမ်သို့ ဝင်တော်မူလျှင် လူထုပရိသတ်တို့သည် ထပ်မံစုဝေးလာကြ၏။ ထို့ကြောင့် ကိုယ်တော်နှင့် တပည့်တော်တို့သည် အစာစားချိန်ပင် မရကြပေ။
ကိုယ်တော်သည် လူထုပရိသတ်ထံမှ ထွက်ကြွ၍ အိမ်တစ်အိမ်သို့ ဝင်တော်မူလျှင် တပည့်တော်တို့က ထိုဆိုရိုးစကား၏ အဓိပ္ပာယ်ကို မေးလျှောက်ကြ၏။
ထို့နောက် ယေရှုသည် ဂါလိလဲပြည်မှ ထွက်ခွာတော်မူ၍ တိုင်ရာမြို့၏ အရပ်ဒေသသို့ ကြွတော်မူကာ အိမ်တစ်အိမ်သို့ ဝင်တော်မူ၏။ ထိုအိမ်၌ တည်းခိုနေတော်မူကြောင်း မည်သူ့ကိုမျှ သိစေလိုတော်မမူပေ။ သို့သော်လည်း ပုန်းရှောင်တော်မူ၍ မရပေ။
ထို့နောက် ယေရှုသည် အိမ်ထဲသို့ ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် နတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ဖြင့် ထမ်း၍ ခေါ်ဆောင်လာကြ၏။ သူတို့သည် ထိုသူကို အထဲသို့ သယ်ဆောင်၍ ကိုယ်တော့်ရှေ့၌ ချထားရန် ကြိုးစားကြ၏။
ယုဒပြည်မှ ဂါလိလဲပြည်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုအမတ် ကြားသောအခါ ယေရှုထံတော်သို့ သွားလျက် “အကျွန်ုပ်၏သားသည် သေလုနီးပြီ။ ကပေရနောင်သို့ ကြွ၍ အကျွန်ုပ်၏သားကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။
ထိုအသံကို ကြားသောအခါ လူတို့သည် စုရုံးလာကြပြီး မိမိတို့၏ဘာသာစကားအသီးသီးဖြင့် တမန်တော်တို့က ဟောပြောလျက်ရှိသောကြောင့် စိတ်ရှုပ်ထွေးကြ၏။