ထိုအခါ အလွန်ပြင်းထန်သောငလျင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာ၍ သင်္ချိုင်းဂူဝတွင် ပိတ်ထားသောကျောက်တုံးကို လှိမ့်ဖယ်ပြီးလျှင် ထိုကျောက်တုံးပေါ်၌ ထိုင်လေ၏။
ရှင်မာကု 15:46 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောသပ်သည် ပိတ်ချောကို ဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ထိုပိတ်ချောဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် အလောင်းတော်ကို သင်္ဂြိုဟ်ပြီးလျှင် ဂူဝ၌ ကျောက်တုံးကို လှိမ့်၍ ပိတ်ထား၏။ Common Language Bible ယောသပ်သည်ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်း တော်ကိုလက်ဝါးကပ်တိုင်မှချ၍ထိုပိတ်ဖြင့် ပတ်၏။ ထိုနောက်ကျောက်ဆောင်ကိုထွင်းထားသည့် သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်ကာဂူဝကိုကျောက်တုံး ကြီးလှိမ့်၍ပိတ်ထားလိုက်၏။- Garrad Bible ထို အ ခါ ယော သပ် သည် ပိတ် ထည် ဝယ် ပြီး လျှင် အ လောင်း တော် ကို ချ ယူ၍ ပတ် လျက် ကျောက် တောင်၌ ထွင်း ထား သော သင်္ချိုင်း ဂူ တွင် သွင်း၍ အ ဝ ကို ကျောက် လုံး နှင့် လှိမ့် ပိတ် လေ ၏။ Judson Bible ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယောသပ်သည် ပိတ်ချောကိုဝယ်ပြီးလျှင် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှချ၍ ပိတ်ချောဖြင့်ပတ်ရစ်ကာ ကျောက်ဆောင်၌ထွင်းထားသော သင်္ချိုင်းဂူထဲတွင်သွင်းထား၏။ ထို့နောက် ကျောက်တုံးကိုလှိမ့်၍ သင်္ချိုင်းဂူဝကို ပိတ်ထားလေ၏။ မြန်မာ ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့်ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ထွင်းသော သင်္ချိုင်းတွင်းထဲမှာထား၍ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။- |
ထိုအခါ အလွန်ပြင်းထန်သောငလျင် လှုပ်လေ၏။ ထာဝရဘုရား၏ ကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်မှ ဆင်းသက်လာ၍ သင်္ချိုင်းဂူဝတွင် ပိတ်ထားသောကျောက်တုံးကို လှိမ့်ဖယ်ပြီးလျှင် ထိုကျောက်တုံးပေါ်၌ ထိုင်လေ၏။
ရောမတပ်မှူးထံမှ ဟုတ်မှန်ကြောင်းကို ကြားသိသောအခါ ပိလတ်မင်းသည် ယောသပ်အား အလောင်းတော်ကို ယူခွင့်ပြု၏။
မာဂဒလမာရိနှင့် ယောသေ၏ မိခင်မာရိတို့သည် အလောင်းတော် သင်္ဂြိုဟ်သောနေရာကို တွေ့မြင်ကြ၏။
ထို့နောက် အလောင်းတော်ကို လက်ဝါးကပ်တိုင်ပေါ်မှ ချ၍ ပိတ်ချောနှင့်ရစ်ပတ်ပြီးလျှင် မည်သူ့ကိုမျှ မသင်္ဂြိုဟ်ဖူးသေးသော ကျောက်ဆောင်ကိုထွင်းထားသည့်သင်္ချိုင်းဂူတွင် သင်္ဂြိုဟ်၏။
ယေရှုသည် တစ်ဖန် အလွန်ဝမ်းနည်းလျက် သင်္ချိုင်းသို့ ကြွတော်မူ၏။ ထိုသင်္ချိုင်းသည် ဂူဖြစ်သောကြောင့် ဂူတွင်းဝကို ကျောက်တုံးဖြင့် ပိတ်ထား၏။
သို့ဖြစ်၍ လူတို့သည် ကျောက်တုံးကို ရွှေ့ကြ၏။ ယေရှုသည် ကောင်းကင်သို့ မျှော်ကြည့်တော်မူပြီးလျှင် “အို အဖ… အကျွန်ုပ်တောင်းလျှောက်သည်ကို နားဆင်တော်မူပြီဖြစ်သောကြောင့် ကျေးဇူးတင်ပါ၏။
တနင်္ဂနွေနေ့နံနက်စောစော မှောင်လျက် ရှိနေသေးချိန်တွင် မာဂဒလမာရိသည် သင်္ချိုင်းဂူသို့ ရောက်လာရာ ဂူဝ၌ ပိတ်ထားသောကျောက်တုံးကြီးမှာ ဘေးဘက်သို့ လှိမ့်ဖယ်ထားပြီးဖြစ်သည်ကို မြင်လေ၏။