Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်မာကု 15:46 - မြန်မာ

46 ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

46 ယော​သပ်​သည်​ပိတ်​ချော​ကို​ဝယ်​ပြီး​လျှင် အ​လောင်း တော်​ကို​လက်​ဝါး​ကပ်​တိုင်​မှ​ချ​၍​ထို​ပိတ်​ဖြင့် ပတ်​၏။ ထို​နောက်​ကျောက်​ဆောင်​ကို​ထွင်း​ထား​သည့် သင်္ချိုင်း​ဂူ​တွင် သင်္ဂြိုဟ်​ကာ​ဂူ​ဝ​ကို​ကျောက်​တုံး ကြီး​လှိမ့်​၍​ပိတ်​ထား​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

46 ထို အ ခါ ယော သပ် သည် ပိတ် ထည် ဝယ် ပြီး လျှင် အ လောင်း တော် ကို ချ ယူ၍ ပတ် လျက် ကျောက် တောင်၌ ထွင်း ထား သော သင်္ချိုင်း ဂူ တွင် သွင်း၍ အ ဝ ကို ကျောက် လုံး နှင့် လှိမ့် ပိတ် လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

46 ယော​သပ်​သည် ကိုယ်​တော်​ကို​ချ၍၊ မိ​မိ​ဝယ်​ခဲ့​သော ပိတ်​ချော​နှင့်​ပတ်​ရစ်​ပြီး​လျှင်၊ ကျောက်၌​ထွင်း​သော သင်္ချိုင်း​တွင်း​ထဲ​မှာ​ထား၍ တွင်း၌ ကျောက်​ကို လှိမ့်​ထား​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

46 ထိုအခါ ယောသပ်​သည် ပိတ်ချော​ကို​ဝယ်​ပြီးလျှင် အလောင်း​တော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ​ချ​၍ ပိတ်ချော​ဖြင့်​ပတ်ရစ်​ကာ ကျောက်ဆောင်​၌​ထွင်း​ထား​သော သင်္ချိုင်း​ဂူ​ထဲတွင်​သွင်းထား​၏။ ထို့နောက် ကျောက်တုံး​ကို​လှိမ့်​၍ သင်္ချိုင်း​ဂူ​ဝ​ကို ပိတ်​ထား​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

46 ယောသပ်​သည် ပိတ်ချော​ကို ဝယ်​ပြီးလျှင် အလောင်းတော်​ကို လက်ဝါးကပ်တိုင်​ပေါ်မှ ချ​၍ ထို​ပိတ်ချော​ဖြင့် ရစ်ပတ်၏။ ထို့နောက် ကျောက်ဆောင်​ကို​ထွင်းထားသည့်​သင်္ချိုင်းဂူ​တွင် အလောင်းတော်​ကို သင်္ဂြိုဟ်​ပြီးလျှင် ဂူဝ​၌ ကျောက်တုံး​ကို လှိမ့်​၍ ပိတ်ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:46
12 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန်​ယေ​ရှု​သည် အ​လွန်​ညှိုး​ငယ်​သော​စိတ်​နှင့် သင်္ချိုင်း​တွင်း​သို့ ရောက်​တော်​မူ၏။ ထို​တွင်း​သည် မြေ​တွင်း​ဖြစ်၏။ ကျောက်​နှင့် ပိတ်​ထား၏။-


အ​လောင်း​တော်​ကို ချ၍ ပိတ်​ချော​နှင့် ပတ်​ရစ်​ပြီး​လျှင်၊ တစ်​ယောက်​ကို​မျှ မ​သင်္ဂြိုဟ်​ဖူး​သော ကျောက်​သင်္ချိုင်း​တွင်း၌ ထား​လေ၏။-


ထို​အ​ခါ မြေ​ကြီး​သည် ပြင်း​စွာ​လှုပ်​လေ၏။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကောင်း​ကင်​ဘုံ​မှ ဆင်း​လာ၍၊ တွင်း​ဝ၌​ပိတ်​သော​ကျောက်​ကို လှိမ့်​လှန်​ပြီး​လျှင်၊ ထို​ကျောက်​ပေါ်​မှာ ထိုင်​နေ၏။-


သေ​ကြောင်း​ကို တပ်​မှူး​စ​ကား​ဖြင့်​သိ​လျှင်၊ အ​လောင်း​တော်​ကို ယော​သပ်​အား အပ်​ပေး၏။-


မာ​ဂ​ဒ​လ​မာ​ရိ၊ ယော​သေ၏​အ​မိ​ဖြစ်​သော မာ​ရိ​တို့​သည် အ​လောင်း​တော်​ထား​ရာ​အ​ရပ်​သို့ ကြည့်​ရှု​ကြ၏။


ထို​အ​ခါ သေ​လွန်​သော​သူ၏​သင်္ချိုင်း​မှ ကျောက်​ကို ရွှေ့​ကြ၏။ ယေ​ရှု​သည်​လည်း အ​ထက်​သို့​ကြည့်​မျှော်​လျက်၊ အ​ဘ၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​စ​ကား​ကို နား​ထောင်​တော်​မူ​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပါ၏။-


ခု​နစ်​ရက်​တွင် ပ​ထ​မ​နေ့​ရက်၊ မိုး​မ​လင်း​မီ စော​စော​အ​ချိန်၌ မာ​ဂ​ဒ​လ​မာ​ရိ​သည် သင်္ချိုင်း​တော်​သို့ သွား၍ တွင်း​ဝ၌​ပိတ်​သော ကျောက်​သည် ရွှေ့​လျက်​ရှိ​သည်​ကို မြင်​လျှင်၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ