မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးတွင် အမှောင်ဖုံးလေ၏။
ရှင်မာကု 15:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။ Common Language Bible မွန်းလွဲသုံးနာရီချိန်၌သခင်ယေရှုသည် ``ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ'' ဟုကျယ်စွာကြွေး ကြော်တော်မူ၏။ ဆိုလိုသည့်အနက်ကား ``အကျွန်ုပ် ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ် ကိုစွန့်ပစ်တော်မူသနည်း'' ဟူ၏။ Garrad Bible မွန်း လွဲ သုံး နာ ရီ အ ချိန် တွင် ယေ ရှု က အ ကျွန်ုပ် ဘု ရား သ ခင်၊ အ ကျွန်ုပ် ဘု ရား သ ခင် အ ကျွန်ုပ် ကို အ ဘယ် ကြောင့် စွန့် ထား တော် မူ ပါ သ နည်း ဟု ဆို လို သော ဧ လော အိ၊ ဧ လော အိ၊ လာ မာ ရှ ဗတ် ခ သာ နိ ဟူ၍ ကျယ် သော အ သံ နှင့် ဟစ် တော် မူ ရာ၊ Judson Bible သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- မြန်မာ့စံမီသမ္မာကျမ်း မွန်းလွဲသုံးနာရီအချိန်တွင် ယေရှုသည် ကျယ်လောင်သောအသံဖြင့်“ဧလိ၊ ဧလိ၊ လာမာ ရှာဗခသာနိ”ဟု အော်ဟစ်တော်မူ၏။ ၎င်း၏အဓိပ္ပာယ်မှာ“အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်ကို အဘယ်ကြောင့်စွန့်ပစ်တော်မူသနည်း”ဟူ၍ဖြစ်၏။ မြန်မာ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟု ဆိုလိုသတည်း။- |
မွန်းတည့်ချိန်မှစ၍ မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးတွင် အမှောင်ဖုံးလေ၏။
မွန်းလွဲသုံးနာရီအချိန်ခန့်တွင် ယေရှုက “ဧလိ… ဧလိ… လာမရှာဗခသာနိ” ဟု ကျယ်လောင်စွာ အော်ဟစ်တော်မူ၏။ ထိုစကား၏အဓိပ္ပာယ်မှာ “အကျွန်ုပ်ဘုရား… အကျွန်ုပ်ဘုရား… အကျွန်ုပ်ကို အဘယ်ကြောင့် စွန့်ပစ်တော်မူပါသနည်း” ဟူ၍ ဖြစ်၏။
အနီးတွင် ရပ်နေသောလူတချို့သည် ထိုစကားကို ကြားလျှင် ယေရှုသည် ပရောဖက်ဧလိယကို ခေါ်သည်ဟု ထင်မှတ်ကြ၏။
ထိုအချိန်သည် မွန်းတည့်ချိန်ခန့် ဖြစ်ပြီး မွန်းလွဲသုံးနာရီတိုင်အောင် မြေပြင်တစ်ခွင်လုံးသည် အမှောင်ဖုံးလေ၏။
ထို့နောက် ယေရှုသည် ကျယ်လောင်သောအသံဖြင့် “အို အဖ… အကျွန်ုပ်၏စိတ်ဝိညာဉ်ကို အဖ၏လက်တော်သို့ အပ်ပါ၏” ဟု ဆိုလျက် အသက်ချုပ်တော်မူ၏။
တစ်ခုသော မွန်းလွဲသုံးနာရီခန့်တွင် ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးသည် သူ့ထံသို့ရောက်လာ၍ “ကော်နေလိ” ဟု ခေါ်သည်ကို ရူပါရုံတွင် ရှင်းလင်းစွာ မြင်ရ၏။
ခရစ်တော်သည် ကမ္ဘာလောက၌ လူသားအဖြစ်ရှိစဉ် သေခြင်းမှ ကယ်တင်နိုင်သော ဘုရားသခင်ထံ ပြင်းပြစွာ အော်ဟစ်၍ မျက်ရည်ကျလျက် အသနားခံတောင်းလျှောက်ခဲ့၏။ ထိုသို့ ဘုရားသခင်ထံ အပ်နှံ၍ မိမိအား ရိုသေသောကြောင့် ဘုရားသခင်သည် ကိုယ်တော်၏ ဆုတောင်းချက်များကို နားဆင်တော်မူခဲ့၏။