ထိုအချိန်တွင် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို သေဒဏ်ချမှတ်စေမည့်အကြောင်း တောင်းဆိုရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် လူထုအား တိုက်တွန်းသွေးဆောင်ကြ၏။
ရှင်မာကု 15:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် ယေရှုအစား ဗာရဗ္ဗကို လွှတ်ပေးပါဟု တောင်းဆိုကြရန် လူထုအား လှုံ့ဆော်ကြ၏။ Common Language Bible ယဇ်ပုရောဟိတ်ကြီးတို့လှုံ့ဆော်သဖြင့် လူအပေါင်း တို့သည်သခင်ယေရှုအစားဗာရဗ္ဗအားလွတ်ငြိမ်း ချမ်းသာခွင့်ပေးရန်တောင်းဆိုကြ၏။- Garrad Bible ဗာ ရ ဗ္ဗ ကို လွှတ် ခွင့် တောင်း ကြ စေ ရန် လူ ပ ရိ သတ် အား ပ ရော ဟိတ် ကြီး တို့ တိုက် တွန်း ကြ သ ဖြင့်၊ Judson Bible ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ဗာရဗ္ဗကိုသာ လွှတ်ပေးမည့်အကြောင်း တောင်းဆိုကြရန် လူထုပရိသတ်ကိုလှုံ့ဆော်ကြ၏။ မြန်မာ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှာ ယဇ်ပုရောဟိတ်အကြီးတို့သည် လူအစုအဝေးကို နှိုးဆော်ကြ၏။- |
ထိုအချိန်တွင် ဗာရဗ္ဗကို လွှတ်ပေး၍ ယေရှုကို သေဒဏ်ချမှတ်စေမည့်အကြောင်း တောင်းဆိုရန် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲများသည် လူထုအား တိုက်တွန်းသွေးဆောင်ကြ၏။
ထိုသို့မေးရခြင်းမှာ ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုကို မနာလို၍ ဖမ်းဆီးကြောင်း ပိလတ်မင်း သိသောကြောင့် ဖြစ်၏။
ထိုအခါ ပိလတ်မင်းက “ဂျူးတို့၏ရှင်ဘုရင်ဟု ခေါ်သော ဤသူကို မည်သို့ပြုရမည်နည်း” ဟု မေးလေ၏။
သူတို့က “သူ့ကို မလွှတ်ပါနှင့်။ ဗာရဗ္ဗကိုသာ လွှတ်ပေးပါ” ဟု အော်ဟစ်၍ ပြောဆိုကြ၏။ ဗာရဗ္ဗသည် ဓားပြတစ်ဦး ဖြစ်၏။
သင်တို့သည် သန့်ရှင်းဖြောင့်မတ်သောသူကို ငြင်းပယ်၍ လူသတ်သမားတစ်ဦးကို လွှတ်ပေးရန် တောင်းဆိုကြ၏။