ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။
ရှင်မာကု 14:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ Common Language Bible သခင်ယေရှုက ``သင်တို့သည်ဋ္ဌားပြကို ဖမ်းဆီးသကဲ့သို့ ငါ့ကိုဖမ်းဆီးရန်တုတ်၊ ဋ္ဌားများနှင့်လာကြသလော။- Garrad Bible ယေ ရှု က လည်း သင် တို့ သည် ဓား၊ တုတ် လက် နက် စွဲ ကိုင် လျက် ဓား ပြ ဖမ်း ထွက် သ လို ငါ့ ကို ဖမ်း ဆီး ရန် လာ ကြ သ လော။ Judson Bible ယေရှုကလည်း သင်တို့သည် ဓားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုက ထိုသူတို့အား“သင်တို့သည် ဓားပြကိုဖမ်းသကဲ့သို့ တုတ်၊ ဓားများကိုင်ဆောင်လျက် ငါ့ကိုဖမ်းဆီးရန်လာကြသလော။ မြန်မာ ယေရှုကလည်း သင်တို့သည် ဓားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှာ ဓားနှင့် တုတ်များကို လက်စွဲလျက် လာကြသည်တကား၊- |
ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များနှင့် အကြီးအကဲတို့က လွှတ်လိုက်သောလူအုပ် ဖြစ်၏။
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
သို့သော် ယေရှုနှင့်အတူ ရှိနေသောသူတစ်ဦးသည် ဓားကို ဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏ အစေခံတစ်ဦးကို ခုတ်သဖြင့် ထိုသူ၏နားရွက် ပြတ်လေ၏။
ငါသည် နေ့စဉ်နေ့တိုင်း သင်တို့နှင့်အတူ ရှိလျက် ဗိမာန်တော်တွင် ဟောပြောသွန်သင်နေခဲ့သော်လည်း သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတွင် ငါနှင့်ပတ်သက်၍ ဖော်ပြထားသည့် အကြောင်းအရာများ ဖြစ်ပျက်လာစေရန်ပင် ဖြစ်သည်” ဟု မိန့်တော်မူ၏။