အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 12:9 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သို့ဖြစ်လျှင် စပျစ်ခြံပိုင်ရှင်​သည် မည်သို့​ပြု​လိမ့်မည်နည်း။ သူ​သည်​လာ​၍ ထို​စပျစ်ခြံလုပ်သားများ​အား သုတ်သင်ဖယ်ရှား​ပြီးမှ ထို​စပျစ်ခြံ​ကို အခြားသူတို့​အား ပေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

``ထို​အ​ခါ​ဥ​ယျာဉ်​ရှင်​သည်​အ​ဘယ်​သို့​ပြု​လိမ့် မည်​နည်း။ သူ​သည်​လာ​၍​ခြံ​သ​မား​များ​ကို သုတ်​သင်​ဖျက်​ဆီး​ပြီး​သော် စ​ပျစ်​ဥ​ယျာဉ်​ကို အ​ခြား​သူ​တို့​အား​ပေး​အပ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ် လျှင် ဥ ယျာဉ့် ရှင် သည် မည် သို့ ပြု မည် နည်း။ ဥ ယျာဉ် သ မား တို့ ကို လာ၍ ဖျက် ဆီး ပြီး မှ သူ တ ထူး တို့ အား စ ပျစ် ဥ ယျာဉ် ကို လွှဲ အပ် လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်​လျှင်၊ ဥ​ယျာဉ်​ရှင်​သည် အ​ဘယ်​သို့​ပြု​မည်​နည်း၊ သူ​သည်​လာ၍ ဥ​ယျာဉ်​စောင့်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သို့ဖြစ်လျှင် စပျစ်ခြံ​ပိုင်ရှင်​သည် မည်သို့​ပြု​မည်နည်း။ သူ​သည်​လာ​၍ ခြံသမား​တို့​ကို​အဆုံးစီရင်​ကာ စပျစ်ခြံ​ကို အခြား​သော​သူ​တို့​အား​ပေး​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

သို့​ဖြစ်​လျှင်၊ ဥ​ယျာဉ်​ရှင်​သည် အ​ဘယ်​သို့​ပြု​မည်​နည်း၊ သူ​သည်​လာ၍ ဥ​ယျာဉ်​စောင့်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ပြီး​မှ ထို​ဥ​ယျာဉ်​ကို အ​ခြား​သော​သူ​တို့​အား ပေး​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 12:9
33 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ နတ်ဆိုး​သည် သွား​၍ မိမိ​ထက်​ဆိုးညစ်သော​နတ်ဆိုး​ခုနစ်ကောင်​တို့​ကို ခေါ်ပြီး​လျှင် ထို​လူ​အထဲ​သို့ ဝင်​၍ နေကြ၏။ ထို​လူ​၏​အခြေအနေ​သည်လည်း မူလ​ထက် ပို၍​ဆိုးသွမ်းလေ၏။ ဤ​ဆိုးညစ်သော​မျိုးဆက်​သည်လည်း ထို​နည်းတူ ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


စပျစ်သီးဆွတ်ချိန် ရောက်​သောအခါ စပျစ်သီး​တချို့​ကို ရယူ​ရန် အစေခံတို့​ကို စပျစ်ခြံလုပ်သားများ​ထံသို့ စေလွှတ်လိုက်၏။


ထို့ကြောင့် သင်တို့​အား ငါ​ပြောဆိုသည်​မှာ ဘုရားသခင်​၏​နိုင်ငံတော်​ကို သင်တို့​ထံမှ သိမ်းယူ​၍ နိုင်ငံတော်​၏​အသီး​ကို သီးသည့်​လူများ​ထံသို့ ပေးအပ်တော်မူ​လိမ့်မည်။


ထိုအခါ ဘုရင်​သည် အမျက်ထွက်​၍ သူ​၏​တပ်​ကို စစ်ချီစေ​ပြီး ထို​လူသတ်သမားများ​ကို သတ်​ကာ သူတို့​၏​မြို့​ကို မီးရှို့စေ၏။


ကျမ်းစာ​၌ ‘တိုက်ဆောက်သော​သူတို့ ပယ်ထားသည့်​ကျောက်​သည် အရေးပါသော​ထောင့်ချုပ်ကျောက် ဖြစ်လာရ၏။


ထို့နောက် သူတို့​သည် စပျစ်ခြံပိုင်ရှင်​၏​သား​ကို ဖမ်း​၍ သတ်​ပြီးလျှင် စပျစ်ခြံ​ပြင်​၌ ပစ်ထားကြ၏။


ထို့ပြင် ငါ​၏​အုပ်ချုပ်မှု​ကို မလိုလားသော​ရန်သူများ​ကို ဤ​နေရာ​သို့ ခေါ်လာ​၍ ငါ့​ရှေ့​တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။


ထို့နောက် ဘုရားသခင်​က “ငါ့​ကို မရှာသော​သူတို့​သည် ငါ့​ကို တွေ့ကြ၏။ ငါ့​အကြောင်း​ကို မမေးသော​သူတို့​အား ငါ​သည် ကိုယ်ထင်ပြ၏” ဟု မိန့်တော်မူကြောင်း ဟေရှာယ​သည် ရဲဝံ့စွာ ဖော်ပြထား၏။