လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
ရှင်မာကု 12:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ သွန်သင်တော်မူပြီးနောက် အခြားအကြောင်းအရာများကိုလည်း ထပ်၍ မိန့်တော်မူသည်မှာ “ကျမ်းတတ်ဆရာများကို သတိပြုကြလော့။ သူတို့သည် ဝတ်ရုံရှည်များကို ဝတ်ဆင်၍ လည်ပတ်သွားလာလိုကြ၏။ ဈေးအရပ်တို့တွင် လူတို့၏ ရိုသေစွာ နှုတ်ဆက်ခြင်းကို ခံလိုကြ၏။ Common Language Bible ဤသို့ဟောပြောသွန်သင်လျက်နေတော်မူစဉ် ကိုယ်တော်က ``ကျမ်းတတ်ဆရာတို့ကိုသတိ နှင့်ရှောင်ကြလော့။ သူတို့သည်ဝတ်လုံများကို ဝတ်၍ပလွှားသွားလာလိုကြ၏။ စျေးရပ်ကွက် တွင်အလေးပြုခြင်းကိုခံလိုကြ၏။- Garrad Bible ၎င်း ပြင် ဒေ သ နာ ပေး တော် မူ စဉ် ကိုယ် တော် က ကျမ်း တတ် ဆ ရာ တို့ ကို ကြဉ် ရှောင် ကြ လော့။ Judson Bible ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဆက်၍ဟောပြောသွန်သင်တော်မူရာ၌“ကျမ်းပြုဆရာတို့ကို သတိထားကြလော့။ သူတို့သည် ဝတ်လုံကိုဝတ်၍ သွားလာခြင်းကိုလည်းကောင်း၊ ဈေးအရပ်၌ နှုတ်ဆက်ခံရခြင်းကိုလည်းကောင်း၊ မြန်မာ ထိုသို့ ဆုံးမဩဝါဒပေးစဉ်တွင် တစ်ဖန် မိန့်တော်မူသည်ကား၊ ကျမ်းပြုဆရာတို့ကို ရှောင်ကြလော့။ သူတို့သည် ရှည်သောအင်္ကျီကိုဝတ်လျက် လည်ခြင်းငှာ အလိုရှိကြ၏။ ဈေး၌ ရိုသေစွာ နှုတ်ဆက်ခြင်းကိုလည်းကောင်း၊- |
လူတို့ကို သတိပြုကြလော့။ သူတို့သည် သင်တို့ကို တရားရုံးများသို့ အပ်ကြလိမ့်မည်။ ဂျူးဝတ်ပြုဆောင်များတွင်လည်း ကြိမ်ဒဏ်ပေးကြလိမ့်မည်။
သင်တို့သည် ဆုတောင်းသောအခါ သူတော်ကောင်းယောင်ဆောင်သူများကဲ့သို့ မပြုကြနှင့်။ ထိုသူတို့သည် လူမြင်သာစေရန် ဝတ်ပြုဆောင်များနှင့် လမ်းဆုံလမ်းခွများတွင်ရပ်လျက် ဆုတောင်းရသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ဂျူးဝတ်ပြုဆောင်တွင် အထူးနေရာများ၌လည်းကောင်း၊ ဧည့်ခံပွဲများတွင်လည်း အထူးခုံများ၌လည်းကောင်း ထိုင်လိုကြ၏။
ကိုယ်တော်သည် ထိုသူတို့အား အကြောင်းအရာများစွာကို ပုံဥပမာများဖြင့် သွန်သင်တော်မူ၏။ ထိုသို့ သွန်သင်ရာတွင် ကိုယ်တော်က
ဖာရိရှဲတို့… သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝတ်ပြုဆောင်များ၌ အထူးနေရာတွင် ထိုင်လိုကြပြီး ဈေးအရပ်တို့၌လည်း လူတို့၏ ရိုသေစွာနှုတ်ဆက်ခြင်းကို ခံလိုကြသောကြောင့်ဖြစ်၏။
ဤအကြောင်းအရာကို ကျွန်ုပ်သည် အသင်းတော်ထံသို့ စာရေးခဲ့သော်လည်း ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်သည် ကျွန်ုပ်တို့ကို လက်မခံခဲ့ပေ။