ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ရှင်မာကု 12:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ ဘုရားသခင်သည် သေသောသူတို့၏ ဘုရားမဟုတ်ပါ။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်၏။ သင်တို့သည် အလွန်အယူလွဲကြပြီ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုအရှင်သည်သေလွန်သူတို့၏ဘုရားမဟုတ်။ အသက်ရှင်နေသူတို့၏ဘုရားဖြစ်တော်မူ၏။ သင်တို့သည်လွန်စွာမှအယူလွဲလျက်နေကြ လေပြီတကား'' ဟုမိန့်တော်မူ၏။ Garrad Bible ကိုယ် တော် သည် သူ သေ တို့၏ ဘု ရား မ ဟုတ်။ သူ ရှင် တို့၏ ဘု ရား ဖြစ် တော် မူ သည်။ သင် တို့ မှာ အ မှား ကြီး မှား ကြ သည် တ ကား ဟု မိန့် တော် မူ ၏။ Judson Bible ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ သင်တို့သည် လွန်စွာအယူလွဲကြပြီ”ဟု မိန့်တော်မူ၏။ မြန်မာ ဘုရားသခင်သည် သေနေသောသူတို့၏ဘုရား မဟုတ်၊ အသက်ရှင်သောသူတို့၏ဘုရား ဖြစ်တော်မူ၏။ ထိုကြောင့် သင်တို့သည် အလွန်မှားကြသည်ဟု မိန့်တော်မူ၏။ |
ယေရှုက “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
ယေရှုက “သင်တို့သည် ကျမ်းစာတော်ကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိသောကြောင့် အယူလွဲနေကြ၏။
သို့ဖြစ်၍ ဘုရားသခင်သည် သေလွန်သောသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အသက်ရှင်သောသူများဖြစ်သည်” ဟု မိန့်တော်မူ၏။
ခရစ်တော်သည် သေလွန်သောသူများနှင့် အသက်ရှင်သောသူများ၏ အရှင်သခင်ဖြစ်ရန်အတွက် အသေခံပြီး ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ဖခင်ကြီးဖြစ်သည့်အရာမှာ ကျမ်းစာ၌ ဘုရားသခင်သည် အာဗြဟံအား “ငါသည် သင့်ကို လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်စေပြီ” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ထိုသို့ ဖခင်ကြီးဖြစ်ရခြင်းမှာ အာဗြဟံသည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသောအရှင်၊ မဖြစ်ဖူးသေးသည့်အရာများကို ဖြစ်ပေါ်စေတော်မူသောအရှင် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
သို့ဖြစ်၍ ထိုမျိုးဆက်ကို စိတ်ဆိုးလျက် ‘သူတို့သည် အစဉ်လမ်းလွဲ၍ ငါ၏ လမ်းစဉ်ကို မသိကြ’ ဟု ငါဆို၏။