ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ရှင်မာကု 10:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ဂျေရုဆလင်မြို့သို့ တက်သွားကြစဉ် ယေရှုသည် သူတို့ရှေ့မှ ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း အံ့အားသင့်ကြ၏။ နောက်တော်မှ လိုက်သော လူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်တို့အား သီးခြားခေါ်တော်မူ၍ Common Language Bible သူတို့သည်ယေရုရှလင်မြို့သို့ခရီးပြုလျက်နေ ကြစဉ် ကိုယ်တော်သည်တပည့်တော်တို့၏ရှေ့က ကြွတော်မူ၏။ ထိုအခါတပည့်တော်တို့သည် ထိတ်လန့်လျက်ရှိကြ၏။ နောက်တော်မှလိုက်လာ သောလူတို့သည်လည်း ကြောက်လန့်လျက်ရှိကြ၏။ ကိုယ်တော်သည်တပည့်တော်တစ်ဆယ့်နှစ်ဦးကို မလှမ်းမကမ်းသို့တစ်ဖန်ခေါ်သွားတော်မူပြီး လျှင် မိမိတွေ့ကြုံရမည့်အမှုအရာများကို ဖော်ပြတော်မူ၏။- Garrad Bible ထို နောက် ယေ ရှု ဦး တည်၍ ယေ ရု ရှ လင် မြို့ သို့ သွား ကြ ရာ ခ ရီး အ ကြား တ ပည့် တော် တို့ သည် အံ့ သြ ခြင်း၊ လိုက် ပါ သူ တို့ လည်း ကြောက် ရွံ့ ခြင်း ရှိ ကြ သည့် ကာ လ တစ် ဆယ့် နှစ် ပါး တို့ ကို ထပ် မံ ခေါ်၍ ကိုယ်၌ ဖြစ် လ တ္တံ့ သော အ ကြောင်း အ ရာ များ ကို မိန့် တော် မူ သည် မှာ၊ Judson Bible ယေရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်၍၊ ငါတို့သည်ယေရုရှလင်မြို့သို့ ယခုသွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ဂျေရုဆလင်မြို့သို့တက်သွားကြစဉ် လမ်း၌ ယေရှုသည် သူတို့ရှေ့မှကြွတော်မူသဖြင့် တပည့်တော်တို့သည်အံ့အားသင့်ကြ၏။ နောက်တော်သို့လိုက်သောသူတို့သည်လည်း ကြောက်ရွံ့ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ကို တစ်ဖန်ခေါ်လျက် မိမိ၌ဖြစ်ပျက်လာတော့မည့်အရာများကို သူတို့အား မြွက်ဆိုတော်မူ၍ မြန်မာ ယေရုရှလင်မြို့သို့ တက်သွားကြရာ၊ လမ်းမှာ ယေရှုသည် တပည့်တော်တို့ရှေ့၌ ကြွတော်မူစဉ်၊ သူတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့သောစိတ်နှင့် လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် တစ်ကျိပ်နှစ်ပါးတို့ကို တစ်ဖန်ခေါ်၍၊ ငါတို့သည်ယေရုရှလင်မြို့သို့ ယခုသွားကြ၏။- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ကိုယ်တော်က “သင်တို့သည် ကောင်းကင်နိုင်ငံတော်၏ လျှို့ဝှက်နက်နဲသောအကြောင်းအရာများကို သိခွင့်ရကြသော်လည်း အခြားသူများမှာ သိခွင့်မရကြ။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ပုံဥပမာများမသုံးဘဲ လူထုပရိသတ်တို့အား ဟောတော်မမူပေ။ သို့သော်လည်း တပည့်တော်များနှင့် သီးခြားရှိချိန်တွင် ထိုပုံဥပမာများ၏ အနက်အဓိပ္ပာယ်ကို သူတို့အား ရှင်းပြတော်မူ၏။
ထို့နောက် ကိုယ်တော်သည် တပည့်တော်များထံသို့ လှည့်၍ သီးခြား မိန့်တော်မူသည်မှာ “သင်တို့သည် ယခုမြင်ရသောအရာများကို မြင်ရသောကြောင့် သင်တို့၏မျက်စိတို့သည် မင်္ဂလာရှိကြ၏။
ထိုသို့ မိန့်တော်မူပြီးနောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ တပည့်တော်တို့ ရှေ့မှကြွနှင့်တော်မူ၏။
ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူသောနေ့ရက် နီးတော်မူသောအခါ ယေရှုသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူရန် စိတ်ပိုင်းဖြတ်လျက်
အမြွှာပူးဟု ခေါ်တွင်သော သောမက “ငါတို့သည်လည်း ကိုယ်တော်နှင့်အတူ အသေခံရန် လိုက်သွားကြစို့” ဟု အခြားတပည့်တော်တို့အား ပြောလေ၏။
တပည့်တော်တို့က “ဆရာတော်… မကြာသေးမီကပင် ယုဒပြည်မှလူတို့သည် ဆရာတော်ကို ခဲနှင့်ပေါက်သတ်ရန် ကြိုးစားခဲ့ကြ၏။ သို့နှင့်ပင် ထိုအရပ်သို့ တစ်ဖန်ကြွတော်မူမည်လော” ဟု လျှောက်ကြ၏။