Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:33 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 “နားထောင်ကြလော့။ ငါတို့​သည် ဂျေရုဆလင်မြို့​သို့ သွား​လျက်​ရှိ၏။ ထို​မြို့​တွင် လူသား​သည် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​နှင့် ကျမ်းတတ်ဆရာများ​လက်​သို့ အပ်ခြင်း​ခံရမည်။ သူတို့​သည် သူ့​ကို သေဒဏ်​ပေးကြ​လိမ့်မည်။ လူမျိုးခြားတို့​၏​လက်​သို့လည်း အပ်နှံကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ကိုယ်​တော်​က ``နား​ထောင်​ကြ​လော့။ ငါ​တို့​သည် ယေ​ရု​ရှလင်​မြို့​သို့​ခ​ရီး​ပြု​လျက်​ရှိ​ကြ​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​လူ​သား​အား ယဇ်​ပု​ရော ဟိတ်​ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။ သူ​တို့​သည်​လူ သား​အား​သေ​ဒဏ်​စီ​ရင်​၍ လူ​မျိုး​ခြား​တို့​၏ လက်​သို့​အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33-34 ယေ ရု ရှ လင် မြို့ ရောက် ငါ တို့ သွား ကြ၏။ လူ့ သား သည် ပ ရော ဟိတ် ကြီး တို့ နှင့် ကျမ်း တတ် ဆ ရာ တို့ ထံ ပို့ အပ် ခံ ရ သ ဖြင့် ထို သူ တို့ သည် သေ ဒဏ် စီ ရင် ကြ ပြီး လျှင် သ ရော် ခြင်း၊ တံ တွေး ထွေး ခြင်း၊ ရိုက် နှက် ခြင်း၊ အ သေ သတ် ခြင်း များ ကို ပြု အံ့ သော လူ မျိုး ခြား တို့ အား အပ် လိုက် ကြ လိမ့် မည်။ သို့ ရာ တွင် သုံး ရက် လည် လျှင် ရှင် ပြန် ထ မြောက် လိမ့် မည် ဟု မိန့် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 “နားထောင်​ကြ​လော့။ ငါ​တို့​သည် ဂျေရုဆလင်​မြို့​သို့​သွား​နေ​ကြ​၏။ လူ့သား​သည် ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် ကျမ်းပြု​ဆရာ​များ​ထံ အပ်နှံ​ခြင်း​ခံရ​လိမ့်မည်။ သူ​တို့​သည် သူ့​ကို​သေဒဏ်​စီရင်​၍ လူမျိုးခြား​တို့​ထံ အပ်နှံ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

33 လူ​သား​သည် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး၊ ကျမ်း​ပြု​ဆ​ရာ​တို့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​သူ​တို့​သည် သေ​ပြစ်​ကို စီ​ရင်၍ တစ်​ပါး​အ​မျိုး​သား​တို့​လက်​သို့ အပ်​နှံ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:33
23 ပူးပေါင်းရင်းမြစ်များ  

ထို​အချိန်​မှစ၍ ယေရှု​က မိမိ​သည် ဂျေရုဆလင်မြို့​သို့ သွားရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများ​လက်​တွင် ဒုက္ခ​များစွာ ခံရမည်။ အသေသတ်ခြင်း​ကိုလည်း ခံရ​၍ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူမည်​ဟူသော​အကြောင်းအရာများ​ကို တပည့်တော်တို့​အား စတင်​ဖော်ပြတော်မူ၏။


သင်တို့ မည်သို့​ထင်မြင်ကြသနည်း” ဟု မေး​လျှင် သူတို့​က “သူ​သည် သေဒဏ်​ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။


ထိုသို့ ဆွေးနွေးပြီး​သောအခါ ယေရှု​ကို ချည်နှောင်​ကာ ရောမ​ဘုရင်ခံ ပိလတ်မင်း​ထံသို့ ပို့ဆောင်​၍ အပ်လိုက်ကြ၏။


ဘုရားသခင်​ကို စော်ကားသော သူ​၏​စကား​ကို သင်တို့​အားလုံး ယခု​ကြားကြရလေပြီ။ သင်တို့ မည်သို့​ထင်မြင်ကြသနည်း” ဟု မေး​လျှင် သူတို့​အားလုံး​က “သူ​သည် သေဒဏ်​ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။


နံနက်​စောစောအချိန်​တွင် ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ​သည် အကြီးအကဲများ၊ ကျမ်းတတ်ဆရာများ​နှင့် တရားလွှတ်တော်​မှ အဖွဲ့ဝင်များ​အားလုံး​နှင့်အတူ တွေ့ဆုံ​၍ ရှေ့ဆက်​လုပ်ဆောင်​ရမည့် ကိစ္စ​အတွက် တိုင်ပင်​ဆွေးနွေးကြ၏။ ထို့နောက် ယေရှု​ကို ချည်နှောင်​၍ ရောမ​ဘုရင်ခံ​ပိလတ်မင်း​ထံသို့ ခေါ်ဆောင်သွားကြ၏။


ထို့နောက် ယေရှု​က လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏ ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ​ထမြောက်တော်မူ​လိမ့်မည်​ဟူသော အကြောင်းအရာများ​ကို သွန်သင်တော်မူ၏။


ယေရှု​က “ဧလိယ​သည် အရာအားလုံး​ကို ပြန်လည်​တည်ထောင်​ရန် စော​၍ လာမည်​မှာ မှန်ပါ၏။ သို့သော်လည်း ကျမ်းစာ​၌ လူသား​သည် ဒုက္ခ​များစွာ​နှင့် ကဲ့ရဲ့​ပစ်ပယ်ခံရမည်​ဟု အဘယ်ကြောင့်​ရေးထားသနည်း။


အဘယ်ကြောင့်ဆိုသော် ကိုယ်တော်​သည် တပည့်တော်တို့​ကို သွန်သင်တော်မူ​လျက် ရှိသောကြောင့်​ဖြစ်၏။ ကိုယ်တော်​က “လူသား​သည် လူတို့​လက်​သို့ အပ်နှံခံရ​လိမ့်မည်။ သူတို့​သည် လူသား​ကို သတ်ကြ​လိမ့်မည်။ သို့သော် သုံးရက်မြောက်သော​နေ့​တွင် သူ​သည် သေခြင်း​မှ ထမြောက်​လိမ့်မည်” ဟု မိန့်တော်မူ၏။


သို့ရာတွင် လူထု​က “လက်ဝါးကပ်တိုင်​တွင် သတ်ပါ။ လက်ဝါးကပ်တိုင်​တွင် သတ်ပါ” ဟူ၍​သာ ဟစ်အော်ကြ၏။


“လူသား​သည် ပြင်းစွာသော​ဒုက္ခ​ဝေဒနာ​ကို ခံရမည်။ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်​ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများတို့​၏​ငြင်းပယ်ခြင်း​နှင့် အသေသတ်ခြင်း​ကိုလည်း ခံရမည်။ သုံးရက်မြောက်​နေ့​တွင် သေခြင်း​မှ ထမြောက်မည်” ဟု မိန့်တော်မူ၏။


ထို့နောက် နံနက်​စောစော​အချိန်​တွင် လူတို့​သည် ယေရှု​ကို ကယာဖ​ထံမှ ဘုရင်ခံ​ပိလတ်မင်း​၏ ရုံးတော်​သို့ ခေါ်ဆောင်သွားကြ၏။ ထို​သူတို့​သည် ပသခါပွဲတော်​ညစာ​ကို စား​နိုင်ရန်​အတွက် ညစ်ညူးခြင်း​မှ ရှောင်​လို​သဖြင့် ရုံးတော်​ထဲသို့ မဝင်ဘဲ​နေကြ၏။


ဤသည်​မှာ မိမိ​မည်သို့​အသေခံရမည်​ကို ကြိုတင်​ဟောခဲ့သော ယေရှု​၏​စကားတော်​အတိုင်း ဖြစ်ပျက်လာခြင်း​ဖြစ်၏။


ထိုအခါ ယေရှု​က “သင့်​ကို ဘုရားသခင် အခွင့်မပေး​လျှင် သင်​သည် ငါ့​ကို မည်သို့​မျှ မပြုနိုင်။ ထို့ကြောင့် ငါ့​ကို သင့်​ထံ အပ်နှံသော​သူ​သည် ပို​၍ အပြစ်ကြီး၏” ဟု ဖြေတော်မူ၏။


ယေရှု​သည် ထို​ကယ်တင်ရှင်​ဖြစ်ကြောင်း​ကို ဂျေရုဆလင်မြို့​တွင် နေထိုင်သော​သူများ​နှင့် ထို​သူတို့​၏​အုပ်ချုပ်သူများ​သည် မသိကြ။ ဥပုသ်နေ့​တိုင်း ရွတ်ဖတ်သော ပရောဖက်တို့​၏​စကားများ​ကိုလည်း မသိ​နားမလည်ကြ။ ထို့ကြောင့် သူတို့​သည် ထို​အရှင်​ကို ပြစ်ဒဏ်ပေးခြင်း​အားဖြင့် ပရောဖက်တို့​၏​စကားများ​အတိုင်း ဖြစ်လာစေကြ၏။


ယခု ကျွန်ုပ်​သည် သန့်ရှင်းသော​ဝိညာဉ်တော်​နိုးဆော်တော်မူသည့်​အတိုင်း ဂျေရုဆလင်မြို့​သို့ သွားမည်။ ထို​မြို့​၌ မည်သို့​ဖြစ်ပျက်မည်​ကို ကျွန်ုပ်​မသိ။


သင်တို့​ကို မဆန့်ကျင်သည့်​ဖြောင့်မတ်သောသူတို့​ကို သင်တို့​သည် အပြစ်စီရင်​၍ သတ်ကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ