သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ရှင်မာကု 10:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ခင်ပွန်းဖြစ်သူသည် မိမိဇနီးကို ကွာရှင်းကာ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်ပါက သူသည် မိမိမယားကို ပြစ်မှား၍ အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ Common Language Bible ကိုယ်တော်က ``မိမိဇနီးကိုကွာ၍အခြား အမျိုးသမီးတစ်ယောက်နှင့်အိမ်ထောင်ပြု သူသည် မိမိဇနီး၏အိမ်ရာကိုပြစ်မှား၏။- Garrad Bible ကိုယ် တော် က မည် သူ မ ဆို မ ယား ကို ကွာ၍ တစ် ပါး သော မိန်း မ နှင့် အိမ် ထောင် ဖက် ပြု လျှင် မ ယား ကို ပြစ် မှား သူ ဖြစ် ၏။ Judson Bible ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် ထိုမိန်းမနှင့်အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏။ မြန်မာ ကိုယ်တော်ကလည်း၊ အကြင်သူသည် မယားနှင့်ကွာ၍ အခြားသောမိန်းမနှင့် စုံဖက်ခြင်းကိုပြ၏။ ထိုသူသည် မိမိမယားကို ပြစ်မှား၏။- |
သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူ၏ဖောက်ပြန်ခြင်းမှလွဲ၍ မိမိဇနီးအား ကွာရှင်းကာ အခြားတစ်ဦးနှင့် လက်ထပ်သောခင်ပွန်းသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်အတူ အိမ်ထဲ၌ ရှိစဉ် တပည့်တော်တို့က ထိုအကြောင်းအရာကို တစ်ဖန်မေးလျှောက်ကြ၏။
မိမိဇနီးသည်ကို ကွာရှင်း၍ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်းနှင့် ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်စဉ် အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ပါက သူသည် အိမ်ထောင်ရေးဖောက်ပြန်၏။ သို့သော် ခင်ပွန်းကွယ်လွန်သွားပါက သူသည် ထိုပညတ်တရားနှင့် ကင်းလွတ်၍ အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်လျှင်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာမရောက်ချေ။
ဇနီးသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ခင်ပွန်းကသာ ပိုင်၏။ ထို့အတူ ခင်ပွန်းသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ဇနီးကသာ ပိုင်၏။
ထိမ်းမြားလက်ထပ်ခြင်းကို လူတိုင်းတန်ဖိုးထားလေးစားရမည်။ အိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး သစ္စာရှိရမည်။ ဘုရားသခင်သည် တရားနှင့်မညီသော မေထုန်ကို ပြုသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူတို့ကို စီရင်တော်မူလိမ့်မည်။