ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
ရှင်မာကု 1:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့၌ ယေရှုသည် ဂါလိလဲအိုင်နံဘေးတစ်လျှောက် ကြွတော်မူစဉ် အိုင်ထဲတွင် ကွန်ပစ်နေကြသော ရှိမုန်နှင့် ညီဖြစ်သူအန္ဒြေတို့ကို တွေ့မြင်တော်မူ၏။ ထိုသူတို့သည် တံငါသည်များဖြစ်ကြ၏။ Common Language Bible ကိုယ်တော်သည်ဂါလိလဲကမ်းခြေတွင်လျှောက်သွား တော်မူစဉ် ရှိမုန်နှင့်ညီအန္ဒြေကိုမြင်တော်မူ၏။ သူတို့ သည်တံငါသည်များဖြစ်သည်အလျောက် အိုင်ထဲ တွင်ကွန်ပစ်နေကြသတည်း။- Garrad Bible ဂါ လိ လဲ အိုင် နား လျှောက် ကြွ တော် မူ စဉ် ရှိ မုန် နှင့် အ န္ဒြေ ညီ အစ် ကို တို့ သည် တံ ငါ့ ဘာ ဝ အိုင် တွင် ပိုက် ချ လျက် နေ သည် ကို မြင် သော်၊ Judson Bible ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ဂါလိလဲပင်လယ်ကမ်းနားတွင် ကြွတော်မူစဉ် တံငါသည်များဖြစ်ကြသော ရှိမုန်နှင့်သူ၏ညီအန္ဒြေတို့သည် ပင်လယ်ထဲတွင် ပိုက်ကွန်ချနေကြသည်ကို မြင်တော်မူ၏။ မြန်မာ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေ ညီအစ်ကိုနှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊- |
ထိုတမန်တော်ဆယ့်နှစ်ပါးတို့၏အမည်များမှာ ရှေးဦးစွာ ပေတရုဟူ၍လည်း ခေါ်ဝေါ်သောရှိမုန်၊ ထို့နောက် သူ၏ညီ အန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်၊
ထိုရွေးချယ်ခံရသော ဆယ့်နှစ်ဦးတို့၏ အမည်များမှာ ပေတရုဟု ယေရှုမှည့်ခေါ်ထားတော်မူသော ရှိမုန်၊
အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊
ပေတရုဟု ယေရှုမှည့်ခေါ်ထားသော ရှိမုန်၊ ပေတရု၏ညီ အန္ဒြေ၊ ယာကုပ်၊ ယောဟန်၊ ဖိလိပ္ပု၊ ဗာသောလမဲ၊
ဖိလိပ္ပုသည် ထိုအကြောင်းကို အန္ဒြေအား သွား၍ ပြောပြ၏။ ထို့နောက် သူတို့နှစ်ဦးသည် ယေရှုထံတော်သို့ သွား၍ လျှောက်ကြ၏။
ထိုမြို့သို့ ဝင်ကြသောအခါ သူတို့သည် မိမိတို့ တည်းခိုနေသောအိမ်၏အပေါ်ထပ်အခန်းသို့ တက်သွားကြ၏။ ထိုသူတို့မှာ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်၊ ယာကုပ်၏သား ယုဒတို့ ဖြစ်ကြ၏။