ထို့ကြောင့် ယခုလက်ရှိအမှု၌ သင်တို့အားကျွန်ုပ်ပြောလိုသည်မှာ ဤသူတို့နှင့် မပတ်သက်ကြနှင့်။ သွားကြပါစေ။ ဤအကြံအစည်သည် လူ၏အကြံအစည်ဖြစ်လျှင် ကျရှုံးပျက်စီးပါလိမ့်မည်။
ရောမ 9:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ကတိတော်စကားမှာ “နှောင်နှစ် ဤသို့သောအချိန်တွင် ငါပြန်လာမည်။ စာရာသည် သားကို မွေးဖွားလိမ့်မည်” ဟူ၍ ဖြစ်၏။ Common Language Bible ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။ Judson Bible ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကတိတော်စကားမှာ “ဤသို့သောအချိန်အခါတွင် ငါလာခဲ့ဦးမည်။ စာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်”ဟူ၍ ဖြစ်၏။ |
ထို့ကြောင့် ယခုလက်ရှိအမှု၌ သင်တို့အားကျွန်ုပ်ပြောလိုသည်မှာ ဤသူတို့နှင့် မပတ်သက်ကြနှင့်။ သွားကြပါစေ။ ဤအကြံအစည်သည် လူ၏အကြံအစည်ဖြစ်လျှင် ကျရှုံးပျက်စီးပါလိမ့်မည်။
အာဗြဟံသည် ဘုရားသခင်၏ စမ်းသပ်တော်မူခြင်းကို ခံရသောအခါ ယုံကြည်ခြင်းဖြင့် ဣဇာက်ကို ယဇ်အဖြစ် ပူဇော်၏။ ကတိတော်များကို ရရှိထားသောအာဗြဟံသည် တစ်ဦးတည်းသောသားကို ပူဇော်ရန် အဆင်သင့်ဖြစ်နေခဲ့၏။