ဖန်ဆင်းခံလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့သော ဝေဒနာဖြင့် ယခုတိုင်အောင် ညည်းတွားနေသည်ကို ကျွန်ုပ်တို့သိကြ၏။
ရောမ 8:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ဖန်ဆင်းခံလောကကို အကျိုးမဲ့သောအဖြစ်သို့ ရောက်ရန် စီရင်တော်မူ၏။ ထိုသို့ ဖြစ်ခြင်းမှာ ဖန်ဆင်းခံလောက၏ ဆန္ဒအရ မဟုတ်။ ဘုရားသခင် စီရင်တော်မူခြင်းအားဖြင့်သာ ဖြစ်၏။ Common Language Bible ဘုရားသခင်သည်ထိုအဖန်ဆင်းခံကမ္ဘာ လောကကိုအနတ္တဖြစ်စေရန်အပြစ်ဒဏ် စီရင်တော်မူ၏။ ထိုသို့ဖြစ်စေခြင်းမှာကမ္ဘာ လောက၏အလိုဆန္ဒကြောင့်မဟုတ်။ ဘုရား သခင်၏စီရင်ဆုံးဖြတ်တော်မူချက်ကြောင့် ဖြစ်၏။ သို့ရာတွင်မျှော်လင့်ချက်ရှိ၏။- Garrad Bible ဖန် ဆင်း တော် မူ ရာ များ သည် အ န တ္တ အောက် တွင် အ လျောက် ဘာ သာ ကြောင့် မ ဟုတ်။ ထား ခဲ့ တော် မူ သော အ ရှင် ကြောင့် နေ ရ လျက် ပင်၊ Judson Bible ဤလောကသည် အနိစ္စနိုင်ငံသို့အလိုလို လိုက်သည်မဟုတ်။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး |
ဖန်ဆင်းခံလောကတစ်ခုလုံးသည် သားဖွားခြင်းဝေဒနာကဲ့သို့သော ဝေဒနာဖြင့် ယခုတိုင်အောင် ညည်းတွားနေသည်ကို ကျွန်ုပ်တို့သိကြ၏။
ကျွန်ုပ်တို့သည် မျှော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းကို ခံရကြ၏။ သို့သော်လည်း မြင်တွေ့နေရသော မျှော်လင့်ခြင်းသည် မျှော်လင့်ခြင်းမဟုတ်။ မြင်တွေ့နေရသောအရာကို မည်သူမျှော်လင့်မည်နည်း။