မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။
ရောမ 7:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိမိပြုသော အပြုအမူသည် မှားယွင်းကြောင်း ကျွန်ုပ်သိသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်သည်ဟု ကျွန်ုပ်သဘောတူခြင်းပင်ဖြစ်၏။ Common Language Bible ငါသည်မိမိမပြုကျင့်လိုသောအမှုကိုပြု ကျင့်၏။ သို့ဖြစ်၍ပညတ်တရားမှန်ကန်ကြောင်း ကိုငါဝန်ခံ၏။- Garrad Bible ငါ သ ဘော မ မြတ် ရာ ကို ပြု ရ လျက် ပင် ပ ညတ် တ ရား တော် ကောင်း မွန် သည် ဟု ဝန် ခံ ရာ ရောက်၍။ Judson Bible ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ငါသည် ကိုယ်မပြုလိုသောအရာကို ပြုနေသည်ဆိုလျှင် ပညတ်တရားကောင်းမြတ်ကြောင်းကို ဝန်ခံခြင်းဖြစ်၏။ |
မည်သို့ပင်ဖြစ်စေကာမူ ပညတ်တရားသည် သန့်ရှင်း၏။ ပညတ်တရား၌ ပါဝင်သောပညတ်တော်တို့သည်လည်း သန့်ရှင်း၏။ မှန်ကန်၍ ကောင်းမြတ်၏။
ပညတ်တရားသည် ဝိညာဉ်ရေးနှင့် ဆိုင်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ကျွန်ုပ်မှာမူ လူ့ဗီဇစိတ်နှင့်ဆိုင်သောသူဖြစ်ပြီး အပြစ်တရားထံ ရောင်းစားခြင်းခံရသူ ဖြစ်၏။
ပညတ်တရားကို မှန်ကန်စွာ ကျင့်သုံးလျှင် ပညတ်တရားသည် ကောင်းမြတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။