Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 7:17 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

17 ထို့ကြောင့် ထို​အပြုအမူ​ကို ပြုနေသူ​မှာ ကျွန်ုပ်​မဟုတ်ဘဲ ကျွန်ုပ်​အထဲ​၌ ကိန်းအောင်းနေသော အပြစ်တရား​က ပြုနေခြင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

17 ထို့​ကြောင့်​ငါ​ပြု​သော​အ​မှု​ကို​ပြု​သော​သူ​သည် စင်​စစ်​အား​ဖြင့်​ငါ​မ​ဟုတ်၊ ငါ​၏​စိတ်​နှ​လုံး အ​တွင်း​၌​ရှင်​သန်​လျက်​ရှိ​သည့်​အ​ပြစ်​တ​ရား ပင်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 ထို အ ရာ ကို ငါ မ ဟုတ်။ ငါ၌ တည် နေ သော အ ပြစ် တ ရား ပြု၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 သို့​ဖြစ်​လျှင်၊ ထို​မ​ကောင်း​သော​အ​ကျင့်​ကို ငါ့​ကိုယ်​တိုင်​ကျင့်​သည်​မ​ဟုတ်။ ငါ့​အ​ထဲ၌​နေ​သော အ​ပြစ်​တ​ရား​သည် ကျင့်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 သို့ဖြစ်လျှင် ထို​အရာ​ကို​ပြု​သော​သူ​မှာ ငါ​မ​ဟုတ်​တော့​ဘဲ ငါ့​အထဲ၌​ကိန်းအောင်း​နေ​သော အပြစ်​ပင်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 7:17
7 ပူးပေါင်းရင်းမြစ်များ  

ကျွန်ုပ်​အထဲ​၌ တစ်နည်း​အားဖြင့် ကျွန်ုပ်​၏​လူ့​ဗီဇ​စိတ်​၌ ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ မကိန်းအောင်းသည်​ကို ကျွန်ုပ်​သိ၏။ မှန်သော​အပြုအမူ​ကို ပြုလိုသော​စိတ်​ရှိ​သော်လည်း ပြုနိုင်စွမ်း​မရှိ။


ကျွန်ုပ်​မပြုလိုသည့် အပြုအမူ​ကို ပြုနေမိ​ပါက ထိုသို့​ပြုနေသူ​မှာ ကျွန်ုပ်​မဟုတ်ဘဲ ကျွန်ုပ်​အထဲ​၌ ကိန်းအောင်းနေသော အပြစ်တရား​က ပြုနေခြင်း ဖြစ်၏။


သို့သော်လည်း ကျွန်ုပ်​၏​စိတ်​က နှစ်သက်သော​သဘောတရား​နှင့် ဆန့်ကျင်​တိုက်ခိုက်နေသည့် အခြား​သဘောတရား​တစ်ခု​သည် ကျွန်ုပ်​အတွင်း​၌ ရှိနေ၏။ ထို​သဘောတရား​က ကျွန်ုပ်​အတွင်း​၌ ကိန်းအောင်း​လျက် ရှိနေသေးသော အပြစ်တရား​၏​လက်အောက်​သို့ ကျရောက်စေသည်​ကို ကျွန်ုပ်​မြင်ရ၏။


သင်တို့​လှူဒါန်း​ရန် စေတနာစိတ်​ရှိလျှင် ဘုရားသခင်​သည် သင်တို့​၌ မရှိသော​အရာ​ကို မထောက်ဘဲ ရှိသော​အရာ​ကို ထောက်​၍ သင်တို့​၏ လှူဒါန်းခြင်း​ကို လက်ခံတော်မူ​လိမ့်မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ