သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ရောမ 5:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ခရစ်တော်၏ အသွေးတော်အားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကျွန်ုပ်တို့သည် ထိုခရစ်တော်အားဖြင့် ဘုရားသခင်၏ အမျက်တော်မှ ပို၍ပင် ကယ်တင်ခံရလိမ့်မည်။ Common Language Bible ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် ငါ တို့သည်ဘုရားသခင်နှင့်မှန်ကန်စွာဆက်ဆံ ခွင့်ကိုရရှိသည်ဖြစ်ရာ အမျက်တော်မှခရစ် တော်အားဖြင့်ပို၍ကယ်တင်ခြင်းကိုရရှိကြ လိမ့်မည်။- Garrad Bible သို့ ဖြစ်၍ ယ ခု အ ခါ အ သွေး တော် အား ဖြင့် ဖြောင့် မတ် ရာ ရောက် သော ငါ တို့ သည် ထို အ ရှင် ကြောင့် အ မျက် တော် ဒဏ် နှင့် မု ချ လွတ် ကင်း ကြ လိမ့် မည်။ Judson Bible သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ယခုအခါ ခရစ်တော်၏သွေးတော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသောငါတို့သည် ကိုယ်တော်အားဖြင့် အမျက်တော်မှ ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။ |
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
ဘုရားသခင်သည် သမ္မာတရားကို မတရားမှုဖြင့် ဖုံးကွယ်တားဆီးကြသော ဘုရားတရားမဲ့သူများနှင့် ဆိုးယုတ်သူများအား မိမိ၏ အမျက်တော်ကို ကောင်းကင်ဘုံမှ ဖော်ပြတော်မူ၏။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်၍ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်လုပ်ဆောင်ပေးခဲ့သောအမှုအားဖြင့် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုကို ရရှိကြပြီ။
ဘုရားသခင်၏ ရန်သူဖြစ်စဉ်ကပင် ဘုရားသခင်၏ သားတော်အသေခံတော်မူခြင်းအားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ခွင့်ကို ကျွန်ုပ်တို့ရရှိလျှင် ပြန်လည်သင့်မြတ်ခွင့်ကို ရရှိပြီးသော ကျွန်ုပ်တို့သည် သားတော်အသက်ရှင်ခြင်းအားဖြင့် ပို၍ပင် ကယ်တင်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ယခုအခါ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောသူတို့သည် အပြစ်စီရင်ခြင်း မခံရ။
ထိုသို့ ဘုရားသခင်သည် မိမိရွေးကောက်ထားသောသူတို့ကို ခေါ်တော်မူ၏။ ခေါ်တော်မူပြီးနောက် ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူပြီးနောက် ဘုန်းအသရေကို ပေးတော်မူ၏။
တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာခဲ့သော်လည်း ယခုအခါတွင် သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ခရစ်တော်၏ အသွေးတော်ဖြင့် အနီးသို့ရောက်လာပြီ ဖြစ်၏။
ကျွန်ုပ်တို့အားလုံးသည်လည်း တစ်ချိန်က ထိုသူတို့ကဲ့သို့ပင် လူ့ဗီဇစိတ်၏ တပ်မက်မှုအတိုင်း လုပ်ဆောင်၍ စိတ်နှင့် ခန္ဓာတို့၏ အလိုအတိုင်း ပြုမူနေထိုင်ခဲ့ကြ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အခြားသူတို့ကဲ့သို့ပင် ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သူများဖြစ်ကြ၏။
ထို့ပြင် ကောင်းကင်းဘုံမှ ကြွလာမည့် သားတော်ကို သင်တို့မည်သို့ မျှော်လင့်ကြောင်းကိုလည်း သူတို့ပြောပြကြ၏။ ဘုရားသခင်သည် ထိုသားတော်ကို သေခြင်းမှ ထမြောက်စေတော်မူပြီး ထိုသားတော်သည် ကျရောက်လာမည့်ဘုရားသခင်၏ အမျက်တော်မှ ကျွန်ုပ်တို့ကို ကယ်တင်တော်မူသော ယေရှုဖြစ်၏။
ထိုသို့ဆိုလျှင် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုနိုင်စေရန် ကျွန်ုပ်တို့၏အသိစိတ်ကို သေခြင်းသို့ ပို့ဆောင်ပေးသောအပြစ်မှ စင်ကြယ်စေရန်အတွက် ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကိုယ် ဘုရားသခင်ထံ ပူဇော်သည့် ခရစ်တော်၏အသွေးတော်သည် ပို၍သာလွန်သည် မဟုတ်ပါလော။
ပညတ်တရားအရ အရာအားလုံးနီးပါးကို သွေးဖြင့် စင်ကြယ်စေရ၏။ သွေးကို သွန်းလောင်းခြင်းမရှိလျှင် အပြစ်ခွင့်လွှတ်ခြင်းမရှိ။
သို့ရာတွင် ဘုရားသခင်သည် အလင်းတွင် ရှိတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း အလင်းတွင် ကျင်လည်ကြလျှင် အချင်းချင်း မိတ်သဟာယဖွဲ့ခြင်းရှိသဖြင့် သားတော်ယေရှု၏အသွေးတော်သည် ကျွန်ုပ်တို့ကို အပြစ်အားလုံးမှ ကင်းစင်စေတော်မူ၏။