သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
ရောမ 3:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ယခုအချိန်တွင် ဘုရားသခင်သည် မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန် လူတို့ကျူးလွန်သောအပြစ်များကို ပြစ်ဒဏ်ပေးတော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်သည် မိမိကိုယ်တိုင်က ဖြောင့်မတ်တော်မူ၍ ယေရှုကို ယုံကြည်သောသူတို့ကိုလည်း ဖြောင့်မတ်စေတော်မူမည့်အကြောင်းကို ဖော်ပြတော်မူ၏။ Judson Bible လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို မှတ်တော်မမူရာတွင်၊ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာလည်းကောင်း၊ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍၊ ယေရှုကိုယုံကြည်သော သူတို့၏အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း၊ ယေရှုခရစ်၏အသွေးတော်ကို ယုံကြည်ခြင်းအားဖြင့်၊ ထိုခရစ်တော်ကို အပြစ်ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ ခန့်ထားတော်မူပြီ။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ယခုအချိန်အခါ၌ မိမိ၏ဖြောင့်မတ်ခြင်းကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြောင့်မတ်သောအရှင်ဖြစ်တော်မူပြီး ယေရှုကိုယုံကြည်သောသူအား ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူရန်ဖြစ်၏။ |
သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
ဘုရားသခင်သည် ယေရှုခရစ်တော်အား အပြစ်ဖြေရာယဇ်အဖြစ် သတ်မှတ်တော်မူ၏။ ယေရှုအသွေးသွန်း၍ အသေခံတော်မူခြင်းကို ယုံကြည်သောသူတို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြ၏။ ဘုရားသခင်သည် ခရစ်တော်ကို ယဇ်အဖြစ် သတ်မှတ်တော်မူရခြင်းမှာ မိမိ၏ဖြောင့်မတ်ခြင်းကို ပြသရန်ဖြစ်၏။ ထိုသို့ ဘုရားသခင်သည် သည်းခံတော်မူ၍ လူတို့ကျူးလွန်ခဲ့သောအပြစ်များကို ပြစ်ဒဏ်မပေးဘဲနေတော်မူ၏။
သို့ဖြစ်လျှင် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းအတွက် ကြွားဝါစရာရှိသလော။ မရှိပါ။ ထိုကြွားဝါစရာသည် ဖယ်ရှားခံရပြီ။ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ ပညတ်တရားကို လိုက်နာကျင့်သုံးသောကြောင့်မဟုတ်ဘဲ ယေရှုခရစ်တော်ကို ယုံကြည်သောကြောင့်သာ ဖြစ်၏။
ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။ ဂျူးလူမျိုးဖြစ်စေ၊ လူမျိုးခြားဖြစ်စေ ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူ၏။
သို့သော် လူတို့အနေဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရခြင်းမှာ မိမိတို့၏ အကျင့်သီလကြောင့် မဟုတ်ဘဲ ဘုရားတရားမဲ့သူများကို ခွင့်လွှတ်တော်မူသည့် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။
ဘုရားသခင် ရွေးချယ်တော်မူသောသူတို့ကို မည်သူအပြစ်တင်ဝံ့သနည်း။ ဖြောင့်မတ်သည်ဟု သတ်မှတ်တော်မူသောအရှင်မှာ ဘုရားသခင်ပင်ဖြစ်တော်မူ၏။
ထိုသူတို့သည် ဘုရားသခင်၏ အစေခံမောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏ သီချင်းကို သီဆိုနေကြ၏။ ထိုသီချင်းမှာ “အို အနန္တတန်ခိုးရှင် ဘုရားသခင်… ကိုယ်တော်၏ လုပ်ဆောင်မှုတို့သည် ကြီးမြတ်၍ အံ့ဖွယ်ဖြစ်ပါ၏။ အို လူမျိုးအပေါင်းတို့၏ ဘုရင်… ကိုယ်တော်၏ နည်းလမ်းတို့သည် တရားမျှတ၍ မှန်ကန်ပါ၏။