အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။
ရောမ 14:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တချို့က နေ့တစ်နေ့သည် အခြားသော နေ့တစ်နေ့ထက် ပို၍ မြင့်မြတ်သည်ဟု ယူဆပြီး တချို့ကမူ နေ့ရက်တိုင်းသည် အတူတူပင် ဖြစ်သည်ဟု ယူဆကြ၏။ မည်သို့ပင်ဖြစ်စေ လူတိုင်း မိမိတို့၏ ယူဆချက်အပေါ် အပြည့်အဝယုံကြည်မှု ရှိပါစေ။ Common Language Bible လူအချို့တို့ကနေ့ရက်တစ်ရက်သည်အခြား နေ့ရက်ထက်ပို၍အရေးကြီးသည်ဟုယူဆ ကြ၏။ အချို့သောသူတို့ကမူနေ့ရက်များ အားလုံးပင်အတူတူဖြစ်သည်ဟုယူဆ ကြသည်။ သူတို့သည်မည်သို့ပင်ယူဆစေ ကာမူ မိမိတို့မှန်ကန်သည်ဟုစိတ်ချယုံ ကြည်စိတ်ရှိကြရမည်။- Garrad Bible တစ် ဦး တစ် ယောက် သည် တစ် နေ့ ထက် တစ် နေ့ မြတ် သည် ဟု မှတ် အံ့။ တစ် ဦး တစ် ယောက် သည် နေ့ တိုင်း အ မြတ် တူ သည် ဟု မှတ် အံ့။ အ သီး အ သီး ကိုယ့် စိတ် လုံး လုံး ချ စေ။ Judson Bible နေ့ရက်တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ထင်တတ်၏။ လူအချို့မထင်။ လူတိုင်း မိမိစိတ်သဘောကျပါစေ။- မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူသည် နေ့ရက်တစ်ရက်ကို အခြားနေ့ရက်ထက် ပို၍မြတ်သည်ဟုယူဆ၏။ အချို့မူကား နေ့ရက်အားလုံးအတူတူဖြစ်သည်ဟုယူဆ၏။ လူတိုင်း မိမိတို့ယူဆထားသောအရာအပေါ် စိတ်နှလုံးထဲ၌ အပြည့်အဝယုံကြည်ပါစေ။ |
အလွန်လေးစားရပါသော သော်ဖိလု… ဘုရားသခင်ဖြစ်စေတော်မူသည့်အတိုင်း ကျွန်ုပ်တို့၌ ဖြစ်လာခဲ့သော ဖြစ်ရပ်အကြောင်းအရာများကို လူများစွာတို့သည် ကြိုးစား၍ ရေးသားပြုစုခဲ့ကြပြီဖြစ်၏။
မည်သည့်အစားအစာမျှ ပကတိအလျောက် မညစ်ညမ်းကြောင်းကို သခင်ယေရှုအားဖြင့် အမှန်ပင် ကျွန်ုပ်သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်က ညစ်ညမ်းသည်ဟု မှတ်ယူလျှင် ထိုအစာသည် ထိုသူအတွက် ညစ်ညမ်း၏။
သို့သော် စားသင့်၊ မစားသင့်ဟူ၍ သံသယစိတ်နှင့်စားလျှင် သင်သည် ယုံကြည်ခြင်းနှင့် မစားသောကြောင့် အပြစ်စီရင်ခြင်းကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်သမျှအရာတို့သည် အပြစ်ဖြစ်၏။
ထို့ပြင် ကတိထားတော်မူသမျှသောအရာတို့ကို ဘုရားသခင်တတ်စွမ်းနိုင်တော်မူသည်ဟု အပြည့်အဝယုံကြည်လေ၏။
ထို့ကြောင့် ခရစ်တော် အသေခံပေးခဲ့သော ယုံကြည်သူဖြစ်သည့် ထိုအားနည်းသူသည် သင်၏ အသိပညာကြောင့် ပျက်စီးသွားရ၏။
သို့သော် ယုံကြည်သူတိုင်း၌ ထိုအသိပညာရှိသည်မဟုတ်ချေ။ အချို့သောသူတို့သည် ရုပ်တုကိုးကွယ်သည့် အလေ့အထရှိခဲ့သောကြောင့် ရုပ်တုအား ပူဇော်ထားသောအစားအစာကို စားသောအခါ စစ်မှန်သောနတ်ဘုရားများ၏အစားအစာကို စားသည်ဟု ထင်မှတ်ဆဲဖြစ်ကြ၏။ သို့ဖြစ်၍ စားသောအခါ သူတို့၏ အသိစိတ်သည် အားနည်းသောကြောင့် ထိုအစာက သူတို့အား ညစ်ညူးစေသည်ဟု ထင်မှတ်ကြ၏။