Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 14:5 - Common Language Bible

5 လူ​အ​ချို့​တို့​က​နေ့​ရက်​တစ်​ရက်​သည်​အ​ခြား နေ့​ရက်​ထက်​ပို​၍​အ​ရေး​ကြီး​သည်​ဟု​ယူ​ဆ ကြ​၏။ အ​ချို့​သော​သူ​တို့​က​မူ​နေ့​ရက်​များ အား​လုံး​ပင်​အ​တူ​တူ​ဖြစ်​သည်​ဟု​ယူ​ဆ ကြ​သည်။ သူ​တို့​သည်​မည်​သို့​ပင်​ယူ​ဆ​စေ ကာ​မူ မိ​မိ​တို့​မှန်​ကန်​သည်​ဟု​စိတ်​ချ​ယုံ ကြည်​စိတ်​ရှိ​ကြ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 တစ် ဦး တစ် ယောက် သည် တစ် နေ့ ထက် တစ် နေ့ မြတ် သည် ဟု မှတ် အံ့။ တစ် ဦး တစ် ယောက် သည် နေ့ တိုင်း အ မြတ် တူ သည် ဟု မှတ် အံ့။ အ သီး အ သီး ကိုယ့် စိတ် လုံး လုံး ချ စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 နေ့​ရက်​တစ်​ရက်​ထက်​တစ်​ရက် သာ၍​မြတ်​သည်​ဟု လူ​အ​ချို့​ထင်​တတ်၏။ လူ​အ​ချို့​မ​ထင်။ လူ​တိုင်း မိ​မိ​စိတ်​သ​ဘော​ကျ​ပါ​စေ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အချို့​သော​သူ​သည် နေ့ရက်​တစ်​ရက်​ကို အခြား​နေ့ရက်​ထက် ပို၍​မြတ်​သည်​ဟု​ယူဆ​၏။ အချို့​မူကား နေ့ရက်​အားလုံး​အတူတူ​ဖြစ်​သည်​ဟု​ယူဆ​၏။ လူ​တိုင်း မိမိ​တို့​ယူဆ​ထား​သော​အရာ​အပေါ် စိတ်နှလုံး​ထဲ၌ အပြည့်အဝ​ယုံကြည်​ပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 တချို့​က နေ့​တစ်နေ့​သည် အခြားသော နေ့​တစ်နေ့​ထက် ပို​၍ မြင့်မြတ်သည်​ဟု ယူဆ​ပြီး တချို့​ကမူ နေ့ရက်​တိုင်း​သည် အတူတူ​ပင် ဖြစ်သည်​ဟု ယူဆကြ၏။ မည်သို့ပင်​ဖြစ်စေ လူတိုင်း မိမိတို့​၏ ယူဆချက်​အပေါ် အပြည့်အဝ​ယုံကြည်မှု ရှိပါစေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 14:5
9 ပူးပေါင်းရင်းမြစ်များ  

အ​ရှင်​သော်​ဖိ​လု၊ အ​ကျွန်ုပ်​တို့​သက်​ဝင်​ယုံ​ကြည် သော​ဘာ​သာ​၏​အ​ခြေ​အ​မြစ်​ဖြစ်​သည့်​အ​ကြောင်း အ​ရာ​များ​ကို​ရေး​သား​ပြု​စု​သူ​အ​များ​ပင်​ရှိ​ခဲ့ ပါ​သည်။-


အ​ဘယ်​အ​စား​အ​စာ​မျှ​ပ​က​တိ​အား​ဖြင့် မ​ညစ်​ညမ်း​ကြောင်း​ကို​ငါ​သည်​သ​ခင်​ယေ​ရှု ကို​အ​မှီ​ပြု​လျက်​အ​သေ​အ​ချာ​သိ​၏။ သို့ သော်​လည်း​အ​စား​အ​စာ​သည်​ညစ်​ညမ်း​သည် ဟု​ယုံ​ကြည်​လျှင်​ယုံ​ကြည်​သူ​အ​ဖို့​သာ​ညစ် ညမ်း​၏။-


သို့​ရာ​တွင်​သံ​သ​ယ​ရှိ​သော​စိတ်​နှင့်​အ​စား အ​စာ​တစ်​စုံ​တစ်​ရာ​ကို​စား​သုံး​သော​သူ​အား ဘု​ရား​သ​ခင်​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ယုံ​ကြည်​မှု​ပေါ်​၌ တည်​၍​မ​ပြု​သော​ကြောင့်​ဖြစ်​၏။ ယုံ​ကြည်​မှု ပေါ်​၌​မ​တည်​ဘဲ​ပြု​လေ​သ​မျှ​သည်​အ​ပြစ် ဖြစ်​၏။


ဘု​ရား​သ​ခင်​သည်​မိမိ​က​တိ​ထား​တော်​မူ​သည့် အ​တိုင်း​ပြု​တော်​မူ​နိုင်​ကြောင်း​အာ​ဗြ​ဟံ​သည် အ​ကြွင်း​မဲ့​ယုံ​ကြည်​၏။-


သို့​ဖြစ်​၍​အား​နည်း​သူ​ညီ​အစ်​ကို​အ​တွက် ခ​ရစ်​တော်​အ​သေ​ခံ​ခဲ့​ပါ​သော်​လည်း​သင် ၏ ``အ​သိ​ပ​ညာ'' ကြောင့်​ထို​သူ​သည်​ပျက်​စီး ရ​တော့​၏။-


သို့​ရာ​တွင်​လူ​တိုင်း​ဤ​သစ္စာ​တ​ရား​ကို​သိ​ရှိ ကြ​သည်​မ​ဟုတ်။ အ​ချို့​သော​သူ​တို့​သည် ရုပ်​တု​ကို​ကိုး​ကွယ်​ခဲ့​သည့်​အ​တွက် ယ​ခု တိုင်​အောင်​ပင်​ရုပ်​တု​အား​ပူ​ဇော်​ပြီး​သော အ​စား​အ​စာ​ကို​စား​သော​အ​ခါ ရုပ်​တု​၏ အ​စား​အ​စာ​ဟု​မှတ်​ယူ​လျက်​စား​နေ​ကြ ၏။ ထို့​ကြောင့်​သူ​တို့​သည်​စိတ်​မ​သိုး​မ​သန့် ဖြစ်​ကာ ထို​အ​စား​အ​စာ​က​မိ​မိ​တို့​အား ညစ်​ညမ်း​စေ​သည်​ဟု​ထင်​မှတ်​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ