ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
ရောမ 13:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အစိုးရမင်းသည် သင်၏ အကျိုးအတွက် ခန့်ထားခံရသော ဘုရားသခင်၏ အစေခံဖြစ်၏။ သို့သော် သင်သည် မကောင်းမှုကို ပြုမိလျှင် သူ့ကို ကြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် သင့်အား အပြစ်ပေးပိုင်ခွင့် ရှိသောကြောင့်ဖြစ်၏။ သူသည် ဘုရားသခင်၏ အစေခံဖြစ်၍ မကောင်းမှုကို ကျူးလွန်သောသူတို့ကို ပြစ်ဒဏ်ပေးမည့်သူ ဖြစ်၏။ Common Language Bible အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။- Judson Bible မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။ |
ချစ်ရသောသူတို့… ကိုယ်တိုင်လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်ကသာ စီရင်ပါစေ။ ကျမ်းစာ၌ “ထာဝရဘုရားက ‘လက်တုံ့ပြန်ခြင်းသည် ငါ့တာဝန် ဖြစ်၏။ သူတို့ကို အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍ရေးသားထား၏။
ထိုအကြောင်းကြောင့် အခွန်ကိုလည်း ပေးဆောင်ကြလော့။ အဘယ်ကြောင့်ဆိုသော် အစိုးရမင်းတို့သည် အုပ်ချုပ်ရန် အချိန်ပြည့်တာဝန်ယူထားသော ဘုရားသခင်၏ အစေခံများဖြစ်သောကြောင့်ပင်။
ထို့ပြင် ဤသို့သော ကိစ္စများတွင် မည်သူမျှ မိမိတို့ ညီအစ်ကိုအပေါ် အခွင့်ကောင်းယူ၍ သူ၏ သားမယားနှင့် မပြစ်မှားရ။ သင်တို့ကို ကျွန်ုပ်တို့ သတိပေးပြောဆိုခဲ့သည့်အတိုင်း အထက်ပါအပြစ်တို့ကို ကျူးလွန်သော သူတို့ကို သခင်ဘုရား ပြစ်ဒဏ်ပေးတော်မူလိမ့်မည်။
ရှင်ဘုရင်ခန့်ထားသည့် ဘုရင်ခံတို့ကိုဖြစ်စေ နာခံကြလော့။ ထိုဘုရင်ခံတို့သည် ဒုစရိုက်သားများကို အပြစ်ပေးရန်နှင့် ကောင်းမှုပြုသူများကို ချီးမွမ်းရန် ခန့်ထားခြင်းခံရသူများဖြစ်၏။