အချို့သောအကိုင်းအခက်များ ခုတ်ဖြတ်ခံရပြီး သံလွင်ပင်အရိုင်းဖြစ်သော သင့်ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခုသင်သည် သံလွင်ပင်အမြစ်၏ အဆီအနှစ်ကို မျှဝေခံစားရ၏။
ရောမ 11:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူလျှင် သင့်ကိုလည်း ညှာတာတော်မူမည်မဟုတ်သောကြောင့် ဖြစ်၏။ Common Language Bible ဘုရားသခင်သည်သံလွင်ပင်မှနဂိုမူရင်း အကိုင်းများသဖွယ်ဖြစ်ကြသူ ယုဒအမျိုး သားတို့ကိုသက်ညှာတော်မမူလျှင် အဘယ် သို့လျှင်သင်တို့ကိုသက်ညှာတော်မူမည်နည်း။- Garrad Bible သို့ ရာ တွင် ဘု ရား သ ခင် သည် ပြ က တေ့ ရှိ ရင်း အ ကိုင်း အ ခက် များ ကို ညှာ တော် မ မူ လျှင် သင့် အား လည်း ညှာ တော် မ မူ မည် ကို ထောက်၍ စိတ် နေ မ မြင့် ဘဲ ကြောက် ရွံ့ ခြင်း ရှိ လော့။ Judson Bible အကြောင်းမူကား၊ ဘုရားသခင်သည် ပကတိအခက်များကို နှမြောတော်မမူလျှင်၊ သင်တို့ကို နှမြောတော်မူမည်လော။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်သည် မူလအကိုင်းအခက်များကို ညှာတာတော်မမူခဲ့လျှင် သင့်ကိုလည်း ညှာတာတော်မူလိမ့်မည်မဟုတ်။ |
အချို့သောအကိုင်းအခက်များ ခုတ်ဖြတ်ခံရပြီး သံလွင်ပင်အရိုင်းဖြစ်သော သင့်ကို ကိုင်းဆက်ကူး၏။ ထို့ကြောင့် ယခုသင်သည် သံလွင်ပင်အမြစ်၏ အဆီအနှစ်ကို မျှဝေခံစားရ၏။
သင်က “ကျွန်ုပ်ကို ကိုင်းဆက်ကူးရန်အတွက် ထိုအကိုင်းအခက်တို့ကို ခုတ်ဖြတ်ပြီ” ဟု ဆိုလိမ့်မည်။
မှန်ပေ၏။ သူတို့သည် ခရစ်တော်ကို မယုံကြည်သောကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်ကမူ ယုံကြည်သောကြောင့် တည်နေ၏။ ထို့ကြောင့် မာနမထောင်လွှားဘဲ ကြောက်ရွံ့လော့။
ထို့ကြောင့် ဘုရားသခင်သည် မည်မျှကျေးဇူးပြုတော်မူတတ်ကြောင်းနှင့် မည်မျှပြင်းထန်စွာ စီရင်တော်မူတတ်ကြောင်းကို သိမှတ်ကြလော့။ မနာခံသောသူတို့အပေါ် ပြင်းထန်စွာ စီရင်တော်မူ၏။ သို့သော် သင်သည် ဘုရားသခင်၏ ကျေးဇူးပြုခြင်းကို ဆက်၍ ယုံကြည်လျှင် သင့်အပေါ် ကျေးဇူးပြုတော်မူလိမ့်မည်။ ဆက်၍ မယုံကြည်လျှင်မူ သင်သည်လည်း ခုတ်ဖြတ်ခြင်းခံရလိမ့်မည်။
ကျွန်ုပ်တို့အားလုံးအတွက် မိမိသားတော်ရင်းကိုပင် မနှမြောဘဲ စွန့်တော်မူသော ဘုရားသခင်သည် ထိုသားတော်နှင့်တကွ ရှိသမျှအရာခပ်သိမ်းကိုလည်း ကျွန်ုပ်တို့အား မပေးဘဲ နေတော်မူမည်လော။
ဤအရာအားလုံးကို သင်တို့သိပြီးသော်လည်း သင်တို့အား ကျွန်ုပ်သတိပေးလို၏။ တစ်ချိန်က သခင်ဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ကယ်နုတ်ခဲ့ပြီးနောက် မယုံကြည်သောသူများကို ဖျက်ဆီးတော်မူခဲ့၏။