ထိုအရာထဲတွင် ခြေလေးချောင်းသတ္တဝါမျိုးစုံ၊ တွားသွားသတ္တဝါမျိုးစုံနှင့် ငှက်မျိုးစုံ ပါရှိ၏။
ရောမ 1:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုန်းကြီး၍ ထာဝရအသက်ရှင်သော ဘုရားသခင်ကို ကိုးကွယ်ရမည့်အစား သေမျိုးဖြစ်သော လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါများနှင့် တွားသွားသတ္တဝါများ၏ ပုံတူရုပ်တုများကို ထုလုပ်ကိုးကွယ်လာကြ၏။ Common Language Bible သေခြင်းတရားကင်းသည့်ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်မည့်အစားသေမျိုးဖြစ်သည့် လူ၊ ငှက်၊ ခြေလေးချောင်းသတ္တဝါ၊ သို့မဟုတ်တွား တတ်သောသတ္တဝါ၏ပုံသဏ္ဌာန်ကိုဆောင်သော ရုပ်တုများကိုကိုးကွယ်ဝတ်ပြုကြလေ သည်။ Garrad Bible သင်္ခါ ရ ကင်း သော ဘု ရား သ ခင့် ဘုန်း တော် အ စား၊ သင်္ခါ ရ ဖြစ် သော လူ၊ ငှက်၊ ခြေ လေး ချောင်း တိ ရ စ္ဆာန် နှင့် တွား တတ် သော သ တ္တ ဝါ တို့၏ ပုံ သ ဏ္ဌာန် ကို လဲ ယူ ကြ လေ စွ။ Judson Bible မဖောက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖောက်ပြန်ပျက်စီးတတ်သော လူ၏ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက်ကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသော ဘုရားသခင်၏ဘုန်းအသရေတော်ကို ဖောက်ပြန်ပျက်စီးတတ်သော လူ၊ ကျေးငှက်၊ ခြေလေးချောင်းသတ္တဝါနှင့် တွားသွားသတ္တဝါတို့၏သဏ္ဌာန်နှင့်တူသော ရုပ်တုဖြင့် လဲလှယ်ကြ၏။ |
ထိုအရာထဲတွင် ခြေလေးချောင်းသတ္တဝါမျိုးစုံ၊ တွားသွားသတ္တဝါမျိုးစုံနှင့် ငှက်မျိုးစုံ ပါရှိ၏။
ထိုသို့ ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်သည်နှင့်အညီ ဘုရားသခင်သည် လူ့စွမ်းရည်နှင့် ပုံဖော်တီထွင်ထားသော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုများ ဖြစ်သည်ဟု မယူဆသင့်ပါ။
သူတို့သည် ဘုရားသခင်၏ အမှန်တရားကို အလိမ်အညာနှင့် လဲလှယ်ကြ၏။ ဖန်ဆင်းရှင်အစား ဖန်ဆင်းခံအရာများကို ကိုးကွယ်၍ အစေခံကြ၏။ ထိုဖန်ဆင်းရှင်သည် ထာဝရချီးမွမ်းခံထိုက်တော်မူ၏။ အာမင်။
သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်မီအချိန်က စကားမပြောနိုင်သောရုပ်တုများကို ကိုးကွယ်ရန် တစ်နည်း၊ သို့မဟုတ် တစ်နည်းဖြင့် သွေးဆောင်ခံရကာ လမ်းလွဲခဲ့ကြကြောင်း သင်တို့အသိပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဘုရားသခင်ကို မကိုးကွယ်သောသူများကဲ့သို့ ကိလေသာလွန်ကြူးခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပွဲလုပ်ပျော်ပါးခြင်း၊ သောက်စားခြင်း၊ ပညတ်တရားနှင့် မလျော်ညီသည့် ရုပ်တုကိုးကွယ်ခြင်းတို့ကို ပြုမူ၍ အချိန်အတန်ကြာ နေထိုင်ခဲ့သောကြောင့်ဖြစ်၏။
ဤဘေးဒဏ်ကြောင့် မသေဘဲ ကျန်ရစ်သောလူတို့သည် မိမိတို့ကျူးလွန်သောအရာများအတွက် နောင်တမရကြ။ ရွှေ၊ ငွေ၊ ကြေး၊ ကျောက်၊ သစ်သားတို့ဖြင့် ပြုလုပ်ထားသည့် မမြင်နိုင်၊ မကြားနိုင်၊ မသွားနိုင်သော ရုပ်တုများနှင့်နတ်ဆိုးများကို ဆက်လက်ကိုးကွယ်ကြ၏။