အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 1:19 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဘုရားသခင်​သည် မိမိ​အကြောင်း သိသင့်​သိထိုက်​သမျှတို့​ကို ဖွင့်ပြထားတော်မူပြီး​ဖြစ်သောကြောင့် ထို​အကြောင်း​ကို သူတို့​သိကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တို့​အား​ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင် ရှင်း​လင်း​စွာ​ဖော်​ပြ​တော်​မူ​သ​ဖြင့် ကိုယ်​တော် ၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍​သိ​နိုင်​ခွင့်​ရှိ​သ​မျှ သော​အ​ကြောင်း​အ​ရာ​တို့​ကို​ရှင်း​လင်း​စွာ​သိ​ရ ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​ဘု​ရား​သ​ခင် သည်​သူ​တို့​အား​ဒဏ်​ခတ်​တော်​မူ​ခြင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Judson Bible

အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ သိ​အပ်​သော ဘု​ရား​သ​ခင်၏ အ​ကြောင်း​အ​ရာ​တို့​သည် သူ​တို့​တွင် ထင်​ရှား​လျက်​ရှိ၏။ ဘု​ရား​သ​ခင်​သည် သူ​တို့​အား ပြ​တော်​မူ​ပြီ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မိမိ​နှင့်​ပတ်သက်၍ သိ​အပ်​သော​အရာ​တို့​ကို သူ​တို့​အား​ထင်ရှား​စေ​တော်မူ​ပြီ​ဖြစ်၍ ထို​အရာ​တို့​သည် သူ​တို့​၌ ထင်ရှား​လျက်​ရှိ​၏။

အခန်းကိုကြည့်ပါ။



ရော​မ 1:19
9 ပူးပေါင်းရင်းမြစ်များ  

စစ်မှန်သော​အလင်းရှင်​မှာမူ ဤ​ကမ္ဘာလောက​သို့ ကြွလာ​၍ လူ​အပေါင်းတို့​ကို အလင်း​ပေးတော်မူသော​အရှင်​ဖြစ်၏။


ကမ္ဘာ​ကို ဘုရားသခင်​ဖန်ဆင်းတော်မူ​ချိန်​မှစ၍ လူတို့​သည် ဘုရားသခင်​ဖန်ဆင်းတော်မူသော​အရာ​အားလုံး​ကို မြင်ကြရပြီ။ ထို​အရာများ​ကို ထောက်ရှု​၍ မျက်စိ​ဖြင့်​မမြင်နိုင်သော ဘုရားသခင်​၏ ထာဝရ​တန်ခိုးတော်​နှင့် ဘုရား​ဖြစ်ခြင်း သဘောသဘာဝ​ကို ရှင်းလင်း​စွာ နားလည်နိုင်ကြ၏။ ထို့ကြောင့် သူတို့​သည် ဘုရားသခင်​အကြောင်း​ကို မသိ​ဟု ဆင်ခြေ​ပေး​စရာ မရှိပေ။


ဘုရားသခင်​၏ ပညတ်တရား​ကို မသိသော လူမျိုးခြားတို့​ပင်လျှင် ထို​ပညတ်တရား​၌ ပြဋ္ဌာန်းထားသော​အချက်များ​ကို အလိုအလျောက် ပြုကျင့်မိ​သောအခါ ပညတ်တရား​ကို မသိ​သော်လည်း ၎င်းတို့​သည် သူတို့​အတွက် ပညတ်တရား​ဖြစ်လာ၏။