‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
ယာကုပ် 5:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။ Common Language Bible သင်တို့၏ရွှေငွေများသည်လည်းအချေးတက် လျက်နေလေပြီ။ ထိုအချေးသည်သင်တို့တစ်ဘက် ၌သက်သေအထောက်အထားဖြစ်၍ မီးကဲ့သို့ သင်တို့အသားကိုလောင်ကျွမ်းပျက်စီးစေလိမ့် မည်။ ဤနောက်ဆုံးသောနေ့ရက်ကာလ၌သင်တို့ သည်ဥစ္စာဘဏ္ဍာများကိုစုဆောင်းသိုမှီးလျက် နေကြသည်တကား။- Garrad Bible သင် တို့ ရွှေ ငွေ လည်း အ ညှိ တက်၍ ထို အ ညှိ သည် သင် တို့ တစ် ဘက်၌ သက် သေ ခံ လျက် သင် တို့ အ သား ကို မီး ကဲ့ သို့ စား လိမ့် မည်။ ဤ နောက် ဆုံး ခေတ် ကာ လ၌ ဘ ဏ္ဍာ ကို သို ထား ကြ ပြီ တ ကား။ Judson Bible ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊- မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ရွှေငွေများသည် အချေးတက်လျက်ရှိပြီ။ ထိုအချေးသည်လည်း သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို မီးကဲ့သို့ လှိုက်စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ဥစ္စာများကိုသိုမှီးထားကြသည်တကား။ |
‘ဘုရားသခင်က “နောက်ဆုံးသောနေ့ရက်များ၌ ငါ၏ဝိညာဉ်တော်ကို လူအပေါင်းတို့အပေါ် သွန်းလောင်း၍ သင်တို့၏သားသမီးတို့သည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ အသက်ငယ်သောသူတို့သည် ရူပါရုံကို မြင်၍ အသက်ကြီးသောသူတို့သည် အိပ်မက်များကို မက်ကြလိမ့်မည်။
ထိုသို့ သင်သည် ခေါင်းမာ၍ နောင်တရသောစိတ်မရှိ။ ထို့ကြောင့် ဘုရားသခင်၏ ဖြောင့်မတ်သော တရားစီရင်ခြင်း ထင်ရှားလာမည့်အချိန်ဖြစ်သည့် အမျက်တော်နေ့တွင် ပို၍ကြီးလေးသောပြစ်ဒဏ်ကို သင်ခံရလိမ့်မည်။
သူတို့၏စကားသည် အသားကို တရိရိပုပ်စေတတ်သည့် ခူနာကဲ့သို့ ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့် ဖိလက်တို့ ပါ၏။
ဦးစွာ သင်တို့အား သတိပေးလိုသည်မှာ နောက်ဆုံးသောနေ့ရက်များ၌ မထီမဲ့မြင်ပြုသူတို့သည် ပေါ်ပေါက်လာ၍ မိမိတို့၏တပ်မက်မှုများအတိုင်း ပြုမူကြလိမ့်မည်။
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် အနီရောင်သားရဲသည် ထိုပြည့်တန်ဆာကို မုန်းကြလိမ့်မည်။ သူ၌ ရှိသမျှအရာကို ဖျက်ဆီး၍ အဝတ်ဗလာဖြစ်စေလိမ့်မည်။ သူ၏ အသားကိုလည်း စား၍ မီးရှို့ကြလိမ့်မည်။
သို့ရာတွင် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသူများ၊ လူသတ်သမားများ၊ တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ ပြုစားတတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သူများအားလုံးတို့သည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခြင်းခံကြရမည်။ မီးအိုင်သည် ဒုတိယသေခြင်းဖြစ်၏” ဟုမိန့်တော်မူ၏။