ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။
ယာကုပ် 5:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိယသည် ကျွန်ုပ်တို့ကဲ့သို့ပင် လူသားတစ်ဦးဖြစ်၏။ သူသည် မိုးမရွာစေရန်အတွက် စိတ်အားထက်သန်စွာ ဆုတောင်းသောအခါ သုံးနှစ်နှင့် ခြောက်လတိုင်တိုင် အစ္စရေးပြည်၌ မိုးမရွာခဲ့။ Common Language Bible ဧလိယသည်ငါတို့နည်းတူသာမန်လူသား ဖြစ်ပေသည်။ သူသည်မိုးမရွာစေရန်စိတ်အား ထက်သန်စွာဆုတောင်းသောအခါ ကမ္ဘာမြေ ပေါ်သို့သုံးနှစ်နှင့်ခြောက်လတိုင်တိုင်မိုးမရွာ ဘဲနေ၏။- Garrad Bible ငါ တို့ နှင့် ဇာ တိ တူ လူ ဖြစ် သော ဧ လိ ယ သည် မိုး မ ရွာ စေ ခြင်း ငှာ ဆု တောင်း ပ ဌ နာ ပြု သည့် အ လျောက် မြေ ကြီး ပေါ် မှာ သုံး နှစ် နှင့် ခြောက် လ တိုင် တိုင် မိုး မ ရွာ ဘဲ ရှိ နေ၏။ Judson Bible ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူ ဖြစ်သော်လည်း၊ မိုးမရွာမည်အကြောင်း အထူးသဖြင့် ဆုတောင်းသောအခါ၊ သုံးနှစ်နှင့် ခြောက်လပတ်လုံး မြေပေါ်သို့ မိုးမရွာဘဲနေ၏။- မြန်မာ့စံမီသမ္မာကျမ်း ဧလိယသည် ငါတို့နည်းတူ သာမန်လူသားတစ်ဦးဖြစ်သော်လည်း မိုးမရွာမည့်အကြောင်း ထက်သန်စွာဆုတောင်းသောအခါ သုံးနှစ်နှင့်ခြောက်လတိုင်တိုင် မြေပေါ်၌မိုးမရွာဘဲနေ၏။ |
ပရောဖက်ဧလိယ၏လက်ထက်၌ သုံးနှစ်နှင့်ခြောက်လပတ်လုံး မိုးမရွာဘဲ တစ်ပြည်လုံးအစာခေါင်းပါးခြင်းဘေး ကျရောက်သောအချိန်တွင် အစ္စရေးနိုင်ငံ၌ မုဆိုးမများစွာရှိခဲ့ကြ၏။
သို့သော် ပေတရုက သူ့အား ဆွဲထူ၍ “ထလော့။ ကျွန်ုပ်သည်လည်း သာမန်လူပင်ဖြစ်သည်” ဟု ဆို၏။
“မိတ်ဆွေတို့… အဘယ်ကြောင့် ဤသို့ပြုကြသနည်း။ ကျွန်ုပ်တို့သည်လည်း သင်တို့ကဲ့သို့ သာမန်လူများပင် ဖြစ်ကြ၏။ သင်တို့သည် ဤအဓိပ္ပာယ်မဲ့သောအရာများကို ကျောခိုင်း၍ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့် ထိုအရပ်တို့၌ ရှိသမျှသောအရာများကို ဖန်ဆင်းတော်မူသည့် အသက်ရှင်သောဘုရားသခင်ထံသို့ လှည့်လာကြစေရန် ကျွန်ုပ်တို့သည် သင်တို့ထံ သတင်းကောင်းယူလာရခြင်းဖြစ်၏။
ဘုရားသခင်သည် ကနဦးကတည်းကပင် ရွေးကောက်ထားတော်မူသော မိမိလူမျိုးတော်ကို စွန့်ပယ်တော်မမူခဲ့ပေ။ ပရောဖက်ဧလိယသည် အစ္စရေးလူမျိုးတို့ကို ဘုရားသခင်ထံ တိုင်တန်းခဲ့၏။ ထိုအကြောင်းနှင့်ပတ်သက်၍ ကျမ်းစာ၌ မည်သို့ဖော်ပြထားသည်ကို သင်တို့မသိကြသလော။
ထိုသူတို့၌ ပရောဖက်ပြုဟောပြောသည့်အချိန်ကာလအတွင်း မိုးမရွာစေရန် ကောင်းကင်ကို ပိတ်ထားနိုင်သော အခွင့်အာဏာရှိ၏။ ထိုသူတို့၌ ရေကို သွေးအဖြစ်သို့ ပြောင်းလဲစေနိုင်သော အခွင့်အာဏာနှင့် မိမိတို့အလိုရှိသည့်အချိန်တိုင်း ကမ္ဘာလောကကို ဘေးဒဏ်အမျိုးမျိုးဖြင့် ဒဏ်ခတ်နိုင်သောအခွင့်အာဏာလည်းရှိ၏။