သို့သော် ခံတွင်းမှ ထွက်သောစကားသည် စိတ်နှလုံးမှ ထွက်လာသဖြင့် လူကို ညစ်ညမ်းစေ၏။
ယာကုပ် 1:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြားယောင်းသွေးဆောင်ခြင်းဟူသည်မှာ လူသည် မိမိ၏ မကောင်းသောတပ်မက်မှု၏ ဆွဲဆောင်ရာနောက်သို့ လိုက်ပါသွားခြင်းဖြစ်၏။ Common Language Bible လူသည်စုံစမ်းသွေးဆောင်ခြင်းခံရသည်ဆို သည်မှာ မိမိ၏ဆိုးညစ်သောလိုအင်ဆန္ဒဆွဲ ဆောင်ရာသို့လိုက်ပါခြင်းပင်ဖြစ်၏။- Garrad Bible လူ အ သီး အ သီး သည် ကိုယ် တပ် မက် ခြင်း ဖြင့် ဆွဲ ငင် ဖြား ယောင်း ခံ ရ သော် စုံ စမ်း သွေး ဆောင် ရာ ရောက် ၏။ Judson Bible မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။- မြန်မာ့စံမီသမ္မာကျမ်း လူသည် မိမိတပ်မက်ခြင်း၏ဆွဲငင်ရာသို့လိုက်ပါလျက် လှည့်ဖြားဆွဲဆောင်ခြင်းခံရကာ ဖြားယောင်းသွေးဆောင်ရာသို့ ရောက်တတ်၏။ |
သို့သော် ခံတွင်းမှ ထွက်သောစကားသည် စိတ်နှလုံးမှ ထွက်လာသဖြင့် လူကို ညစ်ညမ်းစေ၏။
ဤအရာများသည်သာ လူကိုညစ်ညမ်းစေ၏။ လက်မဆေးဘဲအစာစားခြင်းသည် မညစ်ညမ်းစေပါ” ဟု မိန့်တော်မူ၏။
ထို့နောက် မာရ်နတ်၏ ဖြားယောင်းသွေးဆောင်ခြင်းကို ခံတော်မူစေရန် ဝိညာဉ်တော်သည် ယေရှုကို တောကန္တာရသို့ ပို့ဆောင်တော်မူ၏။
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
အပြစ်တရားသည် ပညတ်တော်အားဖြင့် အခွင့်ကောင်းယူ၍ ကျွန်ုပ်ကို လှည့်ဖြား၏။ ထိုပညတ်တော်ကို အသုံးပြု၍ ကျွန်ုပ်ကို သေစေ၏။
သို့ဖြစ်လျှင် ထိုကောင်းမြတ်သောအရာသည် ကျွန်ုပ်ကို သေစေသလော။ မသေစေပါ။ ကျွန်ုပ်ကို သေစေသောအရာမှာ အပြစ်တရားပင် ဖြစ်၏။ အပြစ်တရားသည် ၎င်း၏ သဘောသဘာဝကို ဖော်ပြရန် ကောင်းမြတ်သောအရာကို အသုံးပြုခဲ့၏။ ထို့ကြောင့် အပြစ်တရားသည် မည်မျှဆိုးရွားသည်ကို ပညတ်တော်အားဖြင့် ကျွန်ုပ်တို့ သိနိုင်၏။
သို့ဖြစ်၍ ဖြားယောင်းတတ်သော အလိုရမ္မက်များကြောင့် ပျက်စီးယိုယွင်းသည့် သင်တို့၏ လူဟောင်း ဖြစ်သော ယခင်ပြုမူနေထိုင်ပုံကို စွန့်လွှတ်ကြလော့။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
လူသည် ဖြားယောင်းသွေးဆောင်ခြင်းကို ခံရသောအခါ “ဘုရားသခင်သည် ငါ့ကို သွေးဆောင်သည်” ဟု မပြောစေနှင့်။ အဘယ်ကြောင့်ဆိုသော် မကောင်းမှုသည် ဘုရားသခင်ကို မသွေးဆောင်နိုင်သောကြောင့် ဖြစ်၏။ ကိုယ်တော်သည်လည်း မည်သူ့ကိုမျှ ဖြားယောင်းသွေးဆောင်တော်မမူပေ။
ထိုမကောင်းသောတပ်မက်မှုသည် သန္ဓေတည်၍ အပြစ်ကို မွေးဖွား၏။ ထိုအပြစ်သည် ကြီးထွားလာသောအခါ သေခြင်းကို ဖြစ်ပေါ်စေ၏။