သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
မဿဲ 9:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့သည် မျက်စိမြင်လာကြ၏။ ယေရှုက “ဤအကြောင်းကို မည်သူ့ကိုမျှ မသိစေနှင့်” ဟု တင်းကျပ်စွာ သတိပေးတော်မူ၏။ Common Language Bible ထိုသူတို့သည်စက္ခုအလင်းရလေ၏။ သခင် ယေရှုကလည်း ``ထိုအမှုကိုမည်သူမျှမသိ စေနှင့်'' ဟုကြပ်တည်းစွာပညတ်တော်မူ၏။ Garrad Bible မည် သူ့ ကို မျှ မ သိ စေ ကြ နှင့် ဟု ပ ညတ် တော် မူ သော် လည်း၊ Judson Bible သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။ မြန်မာ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှာ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။- |
သို့သော်လည်း ယေရှုက မိမိမည်သူဖြစ်ကြောင်းကို မဖော်ပြရန် သူတို့အား သတိပေးတော်မူ၏။
တောင်ပေါ်မှ ဆင်းလာကြစဉ် ယေရှုက “လူသားသည် သေခြင်းမှ မထမြောက်မီအထိ သင်တို့မြင်တွေ့ခဲ့ရသော ရူပါရုံကို မည်သူ့ကိုမျှ မပြောကြနှင့်” ဟု သူတို့အား မှာကြားတော်မူ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်းကို မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ သူ့အားကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါပျောက်ကင်းကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက ထိုသူအား “ဤအကြောင်း မည်သူ့ကိုမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု တင်းကျပ်စွာ သတိပေး၍ မိန့်တော်မူ၏။
သို့သော်လည်း ကိုယ်တော်က မိမိမည်သူဖြစ်ကြောင်း မဖော်ပြရန် ထိုနတ်ဆိုးတို့အား တင်းကျပ်စွာ သတိပေးတော်မူ၏။
ထိုအဖြစ်အပျက်ကို မည်သူ့ကိုမျှ မပြောရန် ယေရှုသည် သူတို့အား တင်းကျပ်စွာ သတိပေးတော်မူပြီးနောက် ထိုမိန်းကလေးကို စားစရာကျွေးရန် မိန့်တော်မူ၏။
ထို့နောက် ဤအကြောင်းကို မည်သူ့ကိုမျှ မပြောရန် ထိုသူအား တားမြစ်တော်မူလျက် “ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကြည့်ရှုစစ်ဆေးစေလော့။ သင့်ရောဂါ ပျောက်ကင်းစင်ကြယ်ကြောင်း လူတို့ရှေ့၌ သက်သေပြရန် မောရှေ၏ပညတ်ကျမ်းအတိုင်း ပူဇော်စရာများကို ဆက်သလော့” ဟု မိန့်တော်မူ၏။
ထိုမိန်းကလေး၏မိဘများသည် အလွန်အံ့အားသင့်လျက် နေ၏။ သို့သော် ကိုယ်တော်သည် ဤအဖြစ်အပျက်အား မည်သူ့ကိုမျှ ပြန်မပြောရန် သတိပေးတော်မူ၏။