ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
မဿဲ 9:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့သောအခါ နှစ်ခြင်းဆရာယောဟန်၏ တပည့်များသည် ယေရှုထံသို့လာ၍ “အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်လေ့ရှိကြ၏။ သို့ရာတွင် ဆရာတော်၏တပည့်များသည် အဘယ်ကြောင့် အစာမရှောင်ဘဲနေကြသနည်း” ဟု မေးလျှောက်ကြ၏။ Common Language Bible ထိုအခါယောဟန်၏တပည့်များသည်ကိုယ်တော် ၏ထံသို့လာရောက်လျက် ``အကျွန်ုပ်တို့နှင့်ဖာရိရှဲ တို့သည်မကြာခဏအစာရှောင်ကြပါ၏။ သို့ ရာတွင်အရှင်၏တပည့်များမူကားအဘယ် ကြောင့်အစာမရှောင်ကြပါသနည်း'' ဟုမေး လျှောက်ကြ၏။ Garrad Bible ထို့ နောက် ယော ဟန်၏ တ ပည့် တို့ သည် ကိုယ် တော့် ထံ ချဉ်း ကပ်၍ အ ကျွန်ုပ် တို့ နှင့် ဖာ ရိ ရှဲ တို့ သည် အ စာ ရှောင် လျက် ကိုယ် တော်၏ တ ပည့် တို့ မူ ကား အ ဘယ် ကြောင့် အ စာ မ ရှောင် ကြ ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယောဟန်၏တပည့်များသည် အထံတော်သို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့နှင့်ဖာရိရှဲတို့သည် မကြာခဏ အစာရှောင်ကြသော်လည်း ကိုယ်တော်၏တပည့်တော်များသည် အဘယ်ကြောင့် အစာမရှောင်ကြသနည်း”ဟု မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန်တလဲလဲ အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။- |
ထောင်ထဲတွင်ရှိသော နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်ပြုတော်မူသောအမှုတို့ကို ကြားလေ၏။ ထို့ကြောင့် မိမိတပည့်တို့ကို ယေရှုထံ စေလွှတ်၍
သင်တို့သည် အစာရှောင်သောအခါ သူတော်ကောင်းယောင်ဆောင်သူတို့ကဲ့သို့ မျက်နှာမညှိုးငယ်စေနှင့်။ ထိုသူတို့သည် မိမိတို့အစာရှောင်နေကြောင်း လူအများသိမြင်စေရန် မျက်နှာသွင်ပြင်ကို မကြည်မသာဖြစ်စေကြ၏။ သင်တို့အား ငါအမှန်ဆို၏။ ထိုသူတို့သည် မိမိတို့ ခံစားရမည့် အကျိုးအားလုံးကို ရရှိကြပြီ။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
ထိုအခါ သန့်ရှင်းစင်ကြယ်ခြင်းဓလေ့ထုံးတမ်းနှင့်ပတ်သက်၍ ယောဟန်၏ တပည့်များနှင့် ဂျူးလူမျိုးတစ်ဦးသည် အငြင်းပွားကြ၏။
ယေရှုသည် ကိုယ်တိုင် နှစ်ခြင်းမင်္ဂလာပေးတော်မမူ။ တပည့်တော်တို့ကသာလျှင် ပေးကြ၏။ သို့သော်လည်း ယေရှုသည် ယောဟန်ထက် ပို၍များသောသူတို့ကို တပည့်တော်ဖြစ်စေ၍ နှစ်ခြင်းမင်္ဂလာပေးတော်မူလျက်ရှိသည်ဟု ဖာရိရှဲတို့ကြားသိကြောင်းကို ယေရှုသိတော်မူသောအခါ ယုဒပြည်မှ ထွက်ခွာ၍ ဂါလိလဲပြည်သို့ ကြွတော်မူ၏။