“သခင်… အကျွန်ုပ်၏ အစေခံတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းစွာ ခံစားလျက် အိပ်ရာတွင် လဲနေရပါသည်” ဟု လျှောက်လေ၏။
မဿဲ 8:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “ငါလာ၍ သူ့ကို ကျန်းမာစေမည်” ဟု မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်က ``ငါလာ၍သူ့ရောဂါကိုပျောက်ကင်း စေမည်'' ဟုမိန့်တော်မူလျှင်၊ Garrad Bible ကိုယ် တော် က ငါ လာ၍ ပျောက် ကင်း စေ မည် ဟု ပြန် ဆို တော် မူ၏။ Judson Bible ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ငါလာ၍ သူ့ကိုကျန်းမာစေမည်”ဟု မိန့်တော်မူသော် မြန်မာ ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊- |
“သခင်… အကျွန်ုပ်၏ အစေခံတစ်ယောက်သည် လေဖြတ်၍ ဝေဒနာပြင်းစွာ ခံစားလျက် အိပ်ရာတွင် လဲနေရပါသည်” ဟု လျှောက်လေ၏။
သို့သော် တပ်မှူးက “သခင်… အကျွန်ုပ်သည် ထိုက်တန်သောသူ မဟုတ်သောကြောင့် အကျွန်ုပ်၏အိမ်မိုး အောက်သို့ သခင်ကြွလာတော်မူရန် မသင့်လျော်ပါ။ သခင်ရှိသည့်နေရာမှ အမိန့်တော်ကိုသာ ပေးတော်မူလျှင် အကျွန်ုပ်၏အစေခံသည် ပြန်လည်ကျန်းမာပါလိမ့်မည်။
ထိုအခါ ယေရှုသည် ထိုသူတို့နှင့်အတူ ကြွတော်မူ၏။ သို့သော်လည်း အိမ်အနီးသို့ ရောက်သောအခါ တပ်မှူးသည် မိမိ၏မိတ်ဆွေတို့ကို တစ်ဖန်စေလွှတ်၍ “သခင်… ဒုက္ခမခံပါနှင့်။ အကျွန်ုပ်၏အိမ်မိုးအောက်သို့ သခင်ကြွဝင်တော်မူခြင်းကိုပင် အကျွန်ုပ်မခံထိုက်ပါ။