ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
မဿဲ 8:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအရာသည် ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသော ဘုရားသခင်၏စကားတော်အတိုင်း ဖြစ်ပျက်လာရန်ပင် ဖြစ်၏။ ထိုဟောပြောချက်မှာ “ကိုယ်တော်သည် ကျွန်ုပ်တို့၏ ဖျားနာခြင်းနှင့် ရောဂါဝေဒနာများကို ယူဆောင်သွားတော်မူ၏” ဟူ၍ ဖြစ်၏။ Common Language Bible ဤသို့လျှင် ``ကိုယ်တော်သည်ငါတို့၏အဖျားအနာ များနှင့်ရောဂါဝေဒနာများကိုဆောင်ယူသွား တော်မူ၏'' ဟူ၍ ပရောဖက်ဟေရှာယဟောခဲ့သည့် စကားအတိုင်းဖြစ်ပျက်၍လာသတည်း။ Garrad Bible ထို သို့ ပြု တော် မူ သည် မှာ ကိုယ် တော် သည် ငါ တို့ အ နာ ရော ဂါ ငါ တို့ ဝေ ဒ နာ များ ကို ထမ်း ဆောင် သယ် ပိုး တော် မူ သည် ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ဖြင့် ရောက် သော ဗျာ ဒိတ် တော် အ တိုင်း ပြည့် စုံ စေ ခြင်း ငှာ တည်း။ Judson Bible ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။- မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “ကိုယ်တော်သည် အကျွန်ုပ်တို့၏အားနည်းခြင်းများကို ယူဆောင်၍ အကျွန်ုပ်တို့၏ရောဂါများကို သယ်ဆောင်သွားတော်မူ၏”ဟု ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ မြန်မာ ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဖူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။- |
ဤအရာအားလုံးသည် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သော ဗျာဒိတ်တော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
ဟေရုဒ်မင်း ကွယ်လွန်သည်အထိ ထိုပြည်တွင် နေ၏။ ဤအရာမှာ “ငါသည် ငါ့သားကို အီဂျစ်ပြည်မှ ခေါ်ဆောင်ခဲ့ပြီ” ဟူသည့် ပရောဖက်မှတစ်ဆင့် ထာဝရဘုရားမိန့်တော်မူခဲ့သောစကားတော်အတိုင်း ဖြစ်လာရန်ပင် ဖြစ်၏။
နာဇရက်ဟု ခေါ်သော မြို့၌ နေထိုင်လေ၏။ သို့ဖြစ်၍ “ကိုယ်တော်ကို နာဇရက်မြို့သားဟု ခေါ်ကြလိမ့်မည်” ဟူသော ပရောဖက်တို့၏ ဟောပြောချက်သည် ဖြစ်လာ၏။
နေဝင်၍ ညချမ်းအချိန်ရောက်သော် လူတို့သည် မကျန်းမာသူများနှင့် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။
နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်တော့ဘဲ ဖြောင့်မတ်စွာ ပြုမူနေထိုင်နိုင်ရန် ကိုယ်တော်သည် သစ်တိုင်ပေါ်၌ အသေခံခြင်းအားဖြင့် ကိုယ်ခန္ဓာတော်၌ ကျွန်ုပ်တို့၏အပြစ်များအတွက် ပြစ်ဒဏ်ခံတော်မူ၏။ ကိုယ်တော်၏ဒဏ်ရာဒဏ်ချက်များကြောင့် သင်တို့သည် အနာပျောက်ကင်းကြ၏။