ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
မဿဲ 8:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုညနေတွင် လူတို့သည် နတ်ဆိုးပူးသူများကို ယေရှုထံတော်သို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုနတ်ဆိုးတို့ကို အမိန့်ပေး၍ နှင်ထုတ်တော်မူ၏။ ဖျားနာသောသူအားလုံးကိုလည်း ကျန်းမာစေတော်မူ၏။ Common Language Bible ညချမ်းအချိန်ရောက်သောအခါလူတို့သည် နတ်မိစ္ဆာပူးဝင်နေသူအမြောက်အမြားကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည် နတ်မိစ္ဆာတို့ကိုအမိန့်ပေး၍နှင်ထုတ်တော်မူ၏။ ရောဂါသည်အပေါင်းကိုလည်းကျန်းမာစေ တော်မူ၏။- Garrad Bible ည နေ ချမ်း အ ချိန် ရောက် သော် နတ် ပူး သူ အ များ ကို အ ထံ တော် သို့ ခေါ် ခဲ့ ကြ သည့် အ လျောက် နတ် များ ကို အ မိန့် တော် နှင့် နှင် ထုတ်၍ သူ နာ ရှိ သ မျှ ကို လည်း ကျန်း မာ စေ တော် မူ၏။ Judson Bible ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ညနေချမ်းအချိန်ရောက်သောအခါ လူတို့သည် နတ်ဆိုးပူးသူများစွာတို့ကို အထံတော်သို့ခေါ်ဆောင်လာကြရာ ကိုယ်တော်သည် ထိုနတ်တို့ကို နှုတ်တော်ထွက်စကားဖြင့် နှင်ထုတ်တော်မူ၏။ နာမကျန်းဖြစ်သူရှိသမျှတို့ကိုလည်း ကျန်းမာစေတော်မူ၏။ မြန်မာ ညဉ့်ဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။- |
ထို့နောက် လူတို့သည် မျက်စိမမြင်၊ စကားဆွံ့အသောနတ်ဆိုးပူးသူတစ်ဦးကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုက ထိုသူအား ကုသတော်မူသဖြင့် စကားပြန်ပြောနိုင်လာပြီး မျက်စိလည်း ပြန်မြင်လေ၏။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
ယေရှုသည် ထိုအမျိုးသမီး၏ လက်ကို တို့ထိတော်မူလျှင် အဖျားပျောက်လေ၏။ ထိုအခါ သူသည် အိပ်ရာမှ ထပြီးလျှင် ယေရှုအား ဧည့်ခံလေ၏။
ဝက်ကျောင်းသောသူတို့သည် မြို့သို့ ထွက်ပြေး၍ လူအပေါင်းတို့ကို ထိုနတ်ဆိုးပူးခံရသောသူတို့၌ ဖြစ်ပျက်ခဲ့သမျှအကြောင်းကို ပြောပြကြ၏။
ထိုအခါ လူတချို့သည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ပေါ်တင်၍ ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်သောအခါ လေဖြတ်သူအား “ငါ့သား… မစိုးရိမ်နှင့်။ သင်၏အပြစ်များကို ခွင့်လွှတ်ပြီ” ဟု မိန့်တော်မူ၏။
ထိုအခါ လူလေးဦးသည် လေဖြတ်သူတစ်ဦးကို ထမ်းစင်ဖြင့်ထမ်း၍ ကိုယ်တော်ထံသို့ သယ်ဆောင်လာကြ၏။
ဤသို့လျှောက်ရခြင်းမှာ ယေရှုက နတ်ဆိုးအား “အို နတ်ဆိုး… ထိုလူအထဲမှ ထွက်သွားလော့” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
ယေရှုက လူထုပရိသတ်တို့သည် စုဝေးလျက် ပြေးလာကြသည်ကို မြင်လျှင် “သူငယ်ကို ဆွံ့အနားမကြားစေသောနတ်… သူငယ်ထံမှထွက်လော့။ မည်သည့်အခါမျှ ပြန်မဝင်နှင့်၊ ငါအမိန့်ပေး၏” ဟု နတ်ဆိုးကို ဆုံးမတော်မူ၏။
ယေရှုသည် သူ့ကို မြင်တော်မူလျှင် မိမိထံသို့ ခေါ်၍ “အို အမျိုးသမီး… သင့်ရောဂါ ပျောက်ပြီ” ဟု မိန့်လျက်
နေဝင်ချိန်တွင် လူအပေါင်းတို့သည် ရောဂါအမျိုးမျိုးစွဲကပ်၍ ဖျားနာသောသူများကို ယေရှုထံသို့ ခေါ်ဆောင်လာကြ၏။ ယေရှုသည် ထိုလူနာအသီးသီးတို့အပေါ်၌ လက်ကို တင်၍ သူတို့ကို ကျန်းမာစေတော်မူ၏။
နတ်ဆိုးတို့ကလည်း “အရှင်သည် ဘုရားသခင်၏သားတော် ဖြစ်ပါသည်” ဟု အော်ဟစ်လျက် လူများစွာထံမှ ထွက်သွားကြ၏။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ထိုနတ်ဆိုးတို့သိမြင်ကြသဖြင့် ယေရှုသည် သူတို့ကိုဆုံးမ၍ စကားပြောခွင့် ပေးတော်မမူပေ။
လူတို့သည် အနာရောဂါရှိသောသူများကို လမ်းနံဘေးသို့ သယ်ဆောင်လာ၍ ခုတင်နှင့် ဖျာပေါ်တွင် ထားကြ၏။ ဤသည်မှာ ပေတရုဖြတ်သွားသောအခါ တချို့လူနာများအပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် ဖြစ်၏။