ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
မဿဲ 6:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကို သာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။ Common Language Bible ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။ Garrad Bible ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ ယ နေ့ ရှိ၍ နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော ပင် ကို ဘု ရား သ ခင် သည် ထို သို့ ဆင် ယင် တော် မူ လျှင် သင် တို့ ကို သာ၍ ဆင် ယင် တော် မူ မည် မ ဟုတ် လော။ Judson Bible ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။ မြန်မာ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- |
ယေရှုက ချက်ချင်းပင် လက်တော်ကိုဆန့်၍ ပေတရုအား ဖမ်းဆုပ်လျက် “ယုံကြည်ခြင်းအားနည်းသောသူ… အဘယ်ကြောင့် သံသယစိတ်ဝင်သနည်း” ဟု မိန့်တော်မူ၏။
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူသဖြင့် “ယုံကြည်ခြင်းအားနည်းသောသူတို့… သင်တို့၌ စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ယေရှုက “ယုံကြည်ခြင်းအားနည်းသောသူတို့… အဘယ်ကြောင့် ကြောက်လန့်ကြသနည်း” ဟု မိန့်တော်မူပြီးနောက် ထ၍ လေနှင့် လှိုင်းတံပိုးအား အမိန့်ပေးကာ ဆုံးမတော်မူ၏။ ထိုအခါ လေနှင့် လှိုင်းတံပိုးတို့သည် ချက်ချင်းငြိမ်သက်သွားလေ၏။
ထို့နောက် ယေရှုက တပည့်တော်တို့အား “သင်တို့သည် အဘယ်ကြောင့် ကြောက်လန့်ကြသနည်း။ ယုံကြည်ခြင်း မရှိကြသေးသလော” ဟု မေးတော်မူ၏။
ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကိုသာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမတို့… သင်တို့၏ စိတ်နှလုံးသည် ညစ်ညူး၍ ယုံကြည်ရန် ငြင်းဆန်ကာ အသက်ရှင်သော ဘုရားသခင်ထံမှ ထွက်မသွားစေရန် သတိပြုကြလော့။
ထို့ကြောင့် ကျမ်းစာ၌ “လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဂုဏ်အသရေသည်လည်း မြက်ပွင့်ကဲ့သို့ ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့၍ အပွင့်သည်လည်း ကြွေတတ်၏။