သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
မဿဲ 5:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဇနီးဖြစ်သူသည် အိမ်ထောင်ရေးဖောက်ပြန်မှုမရှိသော်လည်း ခင်ပွန်းဖြစ်သူက ထိုဇနီးကို ကွာရှင်းလျှင် သူသည် မိမိဇနီးကို အိမ်ထောင်ရေးဖောက်ပြန်မှု ကျူးလွန်စေရာရောက်၏။ ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ Common Language Bible သို့ရာတွင်လူတစ်စုံတစ်ယောက်သည်မိမိ၏ဇနီး အားအကျင့်ဖောက်ပြားမှုမရှိဘဲကွာရှင်း၍ ထို အမျိုးသမီးကလည်းနောက်အိမ်ထောင်ပြုသည် ဆိုပါမူ ထိုသူသည်မိမိ၏ဇနီးအားမျောက်မ ထားစေရာရောက်၏။ ထိုအမျိုးသမီးနှင့်အိမ် ထောင်ပြုသူသည်လည်းသူတစ်ပါး၏အိမ်ရာ ကိုပြစ်မှားရာရောက်၏ဟုသင်တို့အားငါဆို၏။ Garrad Bible ငါ ဆို သည် ကား မ တ ရား သော မေ ထုန် မှု ကြောင့် မှ တစ် ပါး မ ယား ကို ကွာ သော သူ တိုင်း၊ မျောက် မ ထား စေ သူ ဖြစ်၏။ ကွာ ပြီး မိန်း မ နှင့် အိမ် ထောင် ဘက် ပြု သူ တိုင်း လည်း သူ့ သား အိမ် ရာ ကို ပြစ် မှား သူ ဖြစ်၏။ Judson Bible ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းအကြောင်းမှလွဲ၍ မိမိမယားကိုကွာရှင်းသောသူတိုင်းသည် ထိုမယားအား အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်စေ၏။ ကွာရှင်းထားသောမိန်းမနှင့် ထိမ်းမြားစုံဖက်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ မြန်မာ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတစ်ပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့် ကွာသောသူသည် မိမိမယားကို မှားယွင်းစေ၏။ ကွာသောမိန်းမနှင့် စုံဖက်ခြင်းကို ပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။- |
သို့ရာတွင် သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးတစ်ဦးကို တဏှာစိတ်ဖြင့် ကြည့်သောသူသည် စိတ်ထဲ၌ ထိုအမျိုးသမီးကို ပြစ်မှားပြီ။
မိမိဇနီးသည်ကို ကွာရှင်း၍ အခြားအမျိုးသမီးတစ်ဦးနှင့် လက်ထပ်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။ ထို့အတူ ခင်ပွန်းနှင့် ကွာရှင်းထားသောအမျိုးသမီးကို လက်ထပ်သောသူသည်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုကို ကျူးလွန်၏။
မောရှေနှင့်ဧလိယတို့သည် ဘုန်းရောင်ခြည်နှင့် ရုတ်တရက်ပေါ်လာ၍ ကိုယ်တော်နှင့် စကားပြောနေကြ၏။ ထို့နောက် သူတို့သည် ဂျေရုဆလင်မြို့၌ ဖြစ်လာမည့် ယေရှု၏အသေခံတော်မူခြင်းအကြောင်းကို ပြောဆိုကြ၏။
ထို့နောက် မိုးတိမ်ထဲက “ဤသူသည် ငါရွေးချယ်သော ငါ၏ချစ်သားဖြစ်၏။ သူ၏စကားတော်ကို နားထောင်ကြ” ဟူသော အသံတော်ထွက်ပေါ်လာ၏။
သို့ဖြစ်၍ ခင်ပွန်းအသက်ရှင်စဉ် အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ပါက သူသည် အိမ်ထောင်ရေးဖောက်ပြန်၏။ သို့သော် ခင်ပွန်းကွယ်လွန်သွားပါက သူသည် ထိုပညတ်တရားနှင့် ကင်းလွတ်၍ အခြားယောက်ျားတစ်ဦးနှင့် ပေါင်းသင်းနေထိုင်လျှင်လည်း အိမ်ထောင်ရေးဖောက်ပြန်ရာမရောက်ချေ။
ဇနီးသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ခင်ပွန်းကသာ ပိုင်၏။ ထို့အတူ ခင်ပွန်းသည် မိမိကိုယ်ခန္ဓာကို မပိုင်။ ဇနီးကသာ ပိုင်၏။